Saturday, November 8, 2014

အကြမ်းဖက်သမားလေးဦးဝင်ရောက်လာကြောင်း သတိပေး

 အာဆီယံထိပ်သီး အစည်းအဝေးမတိုင်မီ မြန်မာ နိုင်ငံသို့ အကြမ်းဖက်သမား လေး ဦး ၀င်ရောက်လာကြောင်း၊ ၎င်း တို့၏ ဓာတ်ပုံနှင့် ကိုယ်ရေး အချက်အလက်များကို ရဲတပ်ဖွဲ့ က ပြည်သူများအား အသိပေး ကြေညာထားကြောင်း မွန်ပြည် နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ သည်။
ရိုဟင်ဂျာ သွေးစည်းညီ ညွတ်ရေးအဖွဲ့(RSO)မှ အဖွဲ့ ခေါင်းဆောင်နှင့် နောက်လိုက် အကြမ်းဖက်သမားသုံးဦး၏ ဓာတ်ပုံနှင့် ကိုယ်ရေးအချက်အလက် များဟုဆိုကာ မော်လမြိုင်မြို့ရှိ လမ်းဆုံနေရာများတွင် ကြေညာ ထားခြင်းဖြစ်ပြီး လိုအပ်ချက်အရ သတိပေးထားခြင်းဖြစ်ကြောင်း ပြည်နယ်ရဲအရာရှိတစ်ဦးကပြော သည်။ ‘‘နယ်စပ်ကရတဲ့ သတင်း တွေပါ။ ရခိုင်ဘက်ကနေ ၀င်လာ တယ်လို့ သတင်းရလို့ ပြည်သူတွေကြားထဲ အသေးစိတ် အချက် အလက်တွေချပြထားတယ်။ ဒီ လောက်ပဲ ပြောနိုင်ပါတယ်’’ ဟု ၎င်းက ပြောသည်။
အကြမ်းဖက်သမား လေးဦး အကြောင်းကို ဒေသတွင်း လိုက်၍သတိပေးခဲ့သည့် မော်လမြိုင်မြို့၊ ဒိုင်းဝန်ကွင်းနယ်မြေ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး နေယုစန်းက အထက်မှ သတင်းပေးမှုကြောင့် လုံခြုံရေးအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အသေးစိတ်ကို မပြောနိုင်ကြောင်း ဖုန်းမှတစ်ဆင့်ဖြေ ကြားသည်။
ရဲတပ်ဖွဲ့က အကြမ်းဖက် သမားများအဖြစ် သတိပေးကြေ ညာထားရာတွင် အဖွဲ့ခေါင်း ဆောင်(ပြည်တွင်းလှုပ်ရှားမှုတာ ၀န်ခံ)အဖြစ် သန်းဝင်း၊ အဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ အဖြစ် အိုစမာ(ခ)ဒါဝတ်၊ အစ္စ လာမ်မစ် စစ်သွေးကြွတိုက်ခိုက် ရေးသင်တန်းဆင်း အာဖက်(ခ) အမင်းနှင့် အစ္စလာမ်မစ်စစ်သွေး ကြွ အကူဖောက်ခွဲရေးသမား အီ စမိုင်(ခ)ဇော်ဝင်းဆိုသူတို့ လေးဦး ၏ ဓာတ်ပုံများနှင့်တကွ သတိ ပေးထားခြင်းဖြစ်သည်။
‘‘သူတို့လေးယောက်ကခွဲဝင် လာတာလို့ သိရတယ်။ သုံး ယောက်ကတော့ ဆီးဂိမ်အားက စားပွဲတော်ထဲက ကြိုပြီးရောက်နေတာ။ သန်းဝင်းကတော့ ဒီလ ငါး ရက်နေ့မှ ၀င်လာတယ်လို့သိရ တယ်။ ဘယ်လမ်းက၀င်တာလဲဆို တော့ မြ၀တီ-မဲဆောက်လမ်းထဲ က ၀င်လာတယ်ဆိုတာ သိရ တယ်။ ဘာသာစကား လေးမျိုးကို လည်း ကျွမ်းကျွမ်းကျင်ကျင်ပြော တတ်တယ်။ အဖွဲ့ခေါင်းဆောင် သန်းဝင်းကလည်း ရန်ကုန်မှာ စီး ပွားရေးလုပ်ငန်း လုပ်ဖူးတယ်။ လက်ရှိမော်လမြိုင်မှာ ခိုနေတယ် လို့ သတင်းရထားတယ်။ သူတို့ အဓိကဦးတည်ချက်က ရန်ကုန်- နေပြည်တော်ကို ဖောက်ခွဲဖို့ အတွက်လာတာလို့သိရတယ်’’ ဟု ကမာရွတ်မြို့နယ်မှူး ရဲမှူးဇော်ဝင်းကပြောသည်။
အယ်လ်ကိုင်ဒါ အဖွဲ့က မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု များပြုလုပ်မည်ဟု ကြေညာပြီး နောက် မြန်မာနိုင်ငံတွင်း၌ ပြည်ပ အခြေစိုက်အကြမ်းဖက်သမားတို့ ၏ ခြိမ်းခြောက်မှုအန္တရာယ်ရှိနေ ကြောင်း နေပြည်တော်က သတိ ပေးထားသည်။ အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပခါနီးကာလတွင် အကြမ်းဖက်သမားများ သတင်းနှင့် ပတ်သက်၍ ရဲတပ် ဖွဲ့၏ ယခုကဲ့သို့ သတင်းထုတ် ပြန်မှုမှာ ထူးခြားပြီး နေပြည်တော် တွင်သာမက ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်အနီးပတ်ဝန်း ကျင်မြို့များ၌ အမြင့်ဆုံး လုံခြုံ ရေးအဆင့် သတ်မှတ်ထား ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်စိုးမြိုင်က ပြောသည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ