နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို တွေ့ရစဉ် (ဓာတ်ပုံ - မျိုးမင်းဦး)
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်ပြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ တာဝန်လည်း ယူထားသည့် သူရ ဦးရွှေမန်းသည် နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြ တိုက်သို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့ကြောင်း သတင်း ရရှိသည်။
ပြည်ထောင်စုလွှတ်တော် နာယကနှင့် နတ်မောက်မြို့ခံများ တွေ့ဆုံပွဲအပြီးတွင် ဗိုလ်ချုပ် အောင်ဆန်း၏ နေအိမ်ပြတိုက်သို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်ပြီး စစ်အစိုးရလက်ထက် ထိပ်တန်းခေါင်းဆောင်တစ်ဦး ပထမဆုံးအကြိမ် သွားရောက်ခြင်းလည်းဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌ ဖြစ်သည့် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းသည် နတ်မောက် မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် အလှူငွေလှူဒါန်းခဲ့ပြီး ဗိုလ်ချုပ်ငယ်စဉ်က ပညာသင်ကြားခဲ့သော နတ်မောက်မြို့ရှိ အလယ်တန်းကျောင်းသို့လည်း ၀င်ရောက်ခဲ့သည်ဟု အဖွဲ့ဝင်တစ်ဦးကပြောသည်။
သူရဦးရွှေမန်းက အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းအား မွေးဖွားသန့်စင်ပေး သည့် မြို့၊ တစ်နည်းအားဖြင့် သမိုင်းအစဉ်အလာကြီးမားသည့် နတ်မောက်မြို့သို့ မိမိနှင့်အဖွဲ့ လာရောက်ရသည့် ရည်ရွယ်ချက် မှာ လွှတ်တော်၏ ဆောင်ပုဒ်ဖြစ် သည့် ပြည်သူ့အသံ လွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဟူသော လွှတ်တော်မူဝါဒကို အကောင်အထည်ဖော်ရန် လာ ရောက်ခြင်းဖြစ်ကြောင်း ဒေသခံများအား ပြောခဲ့သည်ဟု သိရသည်။
ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်ပြ တိုက်နှင့် နတ်မောက်မြို့ရှိ ဗိုလ် ချုပ်ပြတိုက် နှစ်ခုလုံးကို ပိတ်ထား ချိန်မှာ ကြာမြင့်ပြီဖြစ်ပြီး ၂၀၁၂ ကျမှ ပြန်လည်ပြင်ဆင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
နတ်မောက်မြို့ရှိ ဗိုလ်ချုပ် အောင်ဆန်းနေအိမ်ပြတိုက်ကို မပြုပြင်ဘဲ ထားရှိရာမှ ၂၀၁၀ ရွေးကောက်ပွဲအပြီး ယဉ်ကျေးမှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး အစိုးရအဖွဲ့ဝင်တစ်ဦးက ပထမ ဆုံးခရီးစဉ်အဖြစ်လာရောက်ပြီး နောက် ပြင်ဆင်မွမ်းမံမှုများပြု လုပ်ခဲ့သည်။
ရန်ကုန်မြို့ရှိ ဗိုလ်ချုပ် အောင်ဆန်း၏ နေအိမ်ပြတိုက်ကိုလည်း ၂၀၁၄ အာဇာနည်နေ့တွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက နှစ် ပေါင်း၂၀ အတွင်းအစိုးရအဖွဲ့ဝင်တစ်ဦး၏ ပထမဆုံးအကြိမ် လေ့လာမှုအဖြစ် လာရောက်ခဲ့သည်။
7Day
No comments:
Post a Comment