Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Monday, November 10, 2014
ဒေါ်အောင်ဆန်းစုကြည် ကယားခရီးစဉ်အား သံဃာနှင့် သီလရှင်များကြိုဆိုခြင်းမရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကယားပြည်နယ် ခရီးစဉ်အား လူအချို့ကြိုဆိုခဲ့ကြသော်လည်း မြင့်မြတ်သည့် သံဃာများနှင့် သီလရှင်များက ကြိုဆိုခြင်းမရှိကြောင်း သတင်းရရှိသည်။ ယခင် ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့်မိန့်ခွန်းပြောဆိုချိန်များတွင် သံဃာတော်နှင့် သီလရှင် တစ်ပါးတစ်လေ ရှိခဲ့ဖူးသော်လည်း နိုဝင်ဘာလ ၈ ရက်နှင့် ၉ ရက်နေ့တွင် သွားရောက်ခဲ့သည့် ကယားပြည်နယ်ခရီးစဉ်တွင် သံဃာနှင့် သီလရှင် များက လုံးဝ ကြိုဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။
လေးနှစ်တာ ကာလအတွင်း ဗုဒ္ဓဘာသာဝင်များ နှင့် အစ္စလာမ်ဘာသာဝင်တို့ ပြဿနာဖြစ်တိုင်း အစ္စလာမ်ဘာသာဝင်တို့ဖက်မှ ရပ်တည်မှု၊ NLD ပါတီအတွင်း အစ္စလမ်ဘာသာဝင်များ နေရာပေးမှု၊ ဆရာတော် ဦးသောဘိတ အသတ်ခံရချိန်နှင့် ဆရာတော်ဦးဝီရသူ အသရေဖြတ်ခံရချိန်တွင် ပါးစပ်ပိတ်နေခဲ့ပြီး အစ္စလာမ်ဘာသာဝင်များ တိုင်းကြားခြင်းကိုမှ ယုံကြည်ဘက်လိုက်မှု တို့ကြောင့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၏ စိတ်ပျက်မှု များပြားလာသည်နှင့်အမျှ သံဃာနှင့် သီလရှင်တို့မှ ကြိုဆိုခြင်းမရှိတော့ကြောင်း သိရသည်။
NLD ပါတီအတွင်း မွတ်ဆလင်များ များပြားနေခြင်းနှင့် ပတ်သက်၍ မန္တလေးမြို့ မစိုးရိမ်တိုက်အုပ်ဆရာတော် ဦးဝီရသူမှ NLD ဟာ ခွတ်ဒေါင်းမဟုတ်တော့ဘူး၊ မွတ်ဒေါင်းဖြစ်နေပြီဟု ပြောဆိုခဲ့ဖူးကြောင်း သိရသည်။ ပြီးခဲ့သည့် လပိုင်းအတွင်း NLD ပါတီ တရားလွှတ်တော်ရှေ့နေ ဦးကိုနီဦးဆောင်သည့် ဗိုလ်စိန်မှန်ကွင်းဟောပြောပွဲအား သံဃာအချို့မှ လာရောက်ကန့်ကွက်ခဲ့ဖူးပြီး NLD ပါတီမှလည်း လူထုတစ်ရပ်လုံးထောက်ခံသည့် မျိုးစောင့်ဥပဒေကို ကန့်ကွက်ကြောင်း တရားဝင်ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကယားပြည်နယ် ခရီးစဉ်တွင် ကလေးသူငယ်များအပါအဝင် ကြိုဆိုသူအများအပြားရှိခဲ့သော်လည်း ပြီးခဲ့သည့် ရန်ကုန်နှင့် မန္တလေးတွင်း ပြုလုပ်ခဲ့သည့် မျိုးစောင့်ဥပဒေ အမြန်ပြဌာန်းရေး ဆန္ဒပြသူ ဦးရေနှင့် နှိုင်းယှဉ်ပါက ၁၀ ပုံ တစ်ပုံ ခန့်သာရှိကြောင်း သတင်းရရှိပါသည်။
ME
Labels:
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment