ဘိုင်ယန်မြူးနစ်မှ စပိန်ကွင်းလယ်လူဟောင်း အလွန်ဆိုက ဖီဖာကမ္ဘာ့အကောင်းဆုံးဆုကို ရီးရဲလ်မှ ရော်နယ်ဒိုနှင့် ဘာစီလိုနာမှ မက်ဆီတို့သာ ရနိုင်မည်ဟုယုံကြည်ကြောင်း ထုတ်ဖော်ပြော ကြားလိုက်သည်။
အလွန်ဆိုက အသင်းလိုက်စွမ်းဆောင်မှုကို အခြေခံ၍ ထိုဆုပေးမည်ဆိုပါက ဂျာမနီကစား သမားများထဲမှ တစ်ဦးရနိုင်ပြီး ဖီဖာဆန်ခါတင်စာရင်းတွင် ပါဝင်သော ဖိလစ်လမ်း၊ မူလာနှင့် နူအာတို့ ရနိုင်ကြောင်း ပြောကြားသည်။ ‘‘ဒီမေးခွန်းက ယေဘုယျကျလွန်းတဲ့ မေးခွန်းပါ။ ဆုကို တစ်ဦးချင်း တစ်ကိုယ်ရေစွမ်းဆောင်ရည် ကိုကြည့်ပြီး ပေးမလားပေါ့။ အဲဒါဆိုရင်တော့ မက်ဆီနဲ့ ရော်နယ်ဒိုကို ဖယ်ဖို့ခက်မယ်။ အသင်းလိုက်ကြည့်ပေးမယ်ဆိုရင်တော့ ဂျာမန် ကစားသမားတွေအတွက် အခွင့်အလမ်း ရှိလာပါမယ်’’ဟု အလွန်ဆိုက ဂျာမန် Bild မဂ္ဂဇင်းနှင့် တွေ့ဆုံမှုတွင် ပြောကြားသည်။
ထို့အပြင် ဂျာမန်လက်ရွေးစင်နှင့် ဘိုင်ယန်အသင်းဖော် ဂိုးသမား နူအာအနေဖြင့် ဖီဖာအကောင်းဆုံးဆုရခဲ့ပါက မျှတမည်ဖြစ်ကြောင်း ထောက်ခံပြောဆိုသည်။ ဂျာမန်လက်ရွေးစင်များ ပါဝင်သော ဖီဖာအကောင်းဆုံးဆုအ တွက် ဆန်ခါတင်စာရင်းမှ နောက်ဆုံးသုံးဦးကို လာမည့် ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ကာ အကောင်းဆုံးဆုရသူကို ဇန်နဝါရီ ၁၂ ရက်တွင် ကြေညာမည်ဖြစ်သည်။
—Ref: Goal
No comments:
Post a Comment