ဂီတသက်တမ်း (၄၅) နှစ်အတွင်း သီဆိုခဲ့သောသီချင်း များကို အမှတ်တရအနေဖြင့် တစ် ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်ခဲ့ သော အဆိုတော်ဗစ်တာခင်ညို၏ ပွဲတွင် အခြားဖျော်ဖြေပွဲများ၌ တွေ့ရလေ့မရှိသည့် အဆိုတော် များစွာ ပါဝင်ဖျော်ဖြေခဲ့ပြီး ထူးခြားမှုအနေနှင့် အိုင်စီအဖွဲ့၏ ဖျော်ဖြေမှုကို ရုပ်သံလိုင်းက တိုက်ရိုက်ပြသခဲ့သည်။
အခြားတစ်ကိုယ်တော်ဖျော် ဖြေပွဲများတွင် တွေ့ရလေ့မရှိ သည့် ဇော်ဝင်းရှိန်၊ ဘိုဘိုဟန်၊ ဂျေမောင်မောင်၊ လေးဖြူ၊ အငဲ စသည့်အဆိုတော်များပါဝင်ခဲ့ပြီး ယခင်ဖျော်ဖြေပွဲများတွင်ပါဝင် လေ့ရှိသည့် ယနေ့ခေတ်လူငယ် အဆိုတော်များပါဝင်ခဲ့ခြင်းမရှိ ပေ။
ယင်းဖျော်ဖြေပွဲကို စကိုင်းနက်ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့ပြီး ယခင်ဖျော်ဖြေပွဲတိုင်း တွင် တိုက်ရိုက်ထုတ်လွှင့်ခွင့် မပေးသည့် လေးဖြူနှင့် အငဲတို့၏ ဖျော်ဖြေမှုများကို တိုက်ရိုက်ထုတ် လွှင့်ခဲ့သည်။
ဗစ်တာခင်ညိုက ဘိုဘိုဟန်၊ လေးဖြူ၊ Rဇာနည်၊ မေဆွိ၊ ချောစုခင်တို့နှင့် စုံတွဲသီချင်းများ သီဆိုခဲ့ပြီး ပါဝင်သည့်အဆိုတော် များက ဗစ်တာခင်ညို၏ သီချင်း နှစ်ပုဒ်စီဖျော်ဖြေပေးခဲ့သည်။
အဆိုတော် ဘိုဘိုဟန်နှင့် Rဇာနည်တို့နှစ်ဦးက ဗစ်တာခင် ညိုနှင့် စုံတွဲတစ်ပုဒ်စီသာဖျော်ဖြေ ပေးခဲ့ကြပြီး အဆိုတော် Rဇာနည် မှာ ပွဲဆက်များကာ အသံနာနေ ၍ တစ်ပုဒ်သာသီဆိုခဲ့သည်ဟု ဗစ်တာခင်ညိုက ပြောကြားခဲ့ သည်။
ဗစ်တာခင်ညိုက ဧည့်သည် အဆိုရှင်များနှင့် တစ်လှည့်စီဖျော် ဖြေပေးခဲ့ကြပြီး သီချင်းများဆက် တိုက်သီဆိုရသောကြောင့် မော နေသော်လည်း ၎င်း၏နာမည်ကြီး သီချင်းအများစုကို ဖျော်ဖြေပေးခဲ့ သည်။
ဗစ်တာခင်ညိုက နွေသီချင်း ကို ဖျော်ဖြေပွဲအပိတ်နှုတ်ဆက်သီချင်းအနေဖြင့် ဖျော်ဖြေခဲ့ရာ Aurora တီးဝိုင်းနှင့်အတူ လေးဖြူ က ဂစ်တာတီးပြီး အငဲက ကူညီ သီဆိုပေးခဲ့သည်။
ထို့အပြင် ယင်းဖျော်ဖြေပွဲ တွင် အဓိကကူညီပံ့ပိုးသူအနေဖြင့် ပါဝင်သော စမ်းချောင်းဂါးဒင်း ကွန်ဒိုစီမံကိန်းက ဗစ်တာခင်ညို ၏ ဖျော်ဖြေပွဲလက်မှတ်ဖြင့် တိုက် ခန်းလာဝယ်လျှင် နိုဝင်ဘာ ၃၀ ရက်အထိ ကျပ်သိန်း ၉၀ လျှော့၍ ရောင်းချပေးမည်ဖြစ်ကြောင်း ဖျော်ဖြေပွဲလက်မှတ်တွင် ရေး သားထားသည်။
7Day
No comments:
Post a Comment