Tuesday, November 11, 2014

လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ လစာတိုးရန် အရေးကြီးအဆိုတင်

လာမည့် ဘဏ္ဍာရေးနှစ်မှစတင်ပြီး နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သာ;များ၊ ရဲတပ်ဖွဲ့ဝင်များ၏ လစာစရိတ်များကို
တိုးမြှင့်သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်အား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို နိုဝင်ဘာ ၁၂ ရက်တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက တင်သွင်းလိုက်သည်။
အလုပ်သမားများ သင့်တင့်မျှတသော အနိမ့်ဆုံးလုပ်ခလစာရရှိရန် လိုအပ်လျက်ရှိသည့် နည်းဥပဒေ စည်းမျဉ်းစည်းကမ်းများ ဆောလျင်စွာ ထုတ်ပြန်သတ်မှတ်ပေးရေး၊
 တောင်သူလယ်သမားများဘ၀ တိုးတက်ရေးအတွက် တောင်သူလယ်သမားများ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေနှင့်အညီ လွှဲအပ်သည့်
နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ဆောလျင်စွာ ထုတ်ပြန်သတ်မှတ်ပေးရေးကိုလည်းအရေးကြီးအဆိုတွင် ပါရှိသည်။
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး (သို့)ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊
တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များကို
မျှတစွာ ပြင်ဆင်သတ်မှတ်ပေးရေးတို့ကိုလည်း အရေးကြီးအဆိုတွင် ထည့်သွင်းထားရှိသည်။
ယင်းကိစ္စရပ်များကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်စတင်သည့် ကာလမှစ၍ အကောင်အထည်ဖော်နိုင်ရေး စီမံဆောင်ရွက်ပေးပါရန်
 ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက တင်သွင်းလိုက်သည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ