Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Tuesday, November 11, 2014
NLD သဘောထား
စစ်အစိုးရခေတ်တုန်းကမှ ပြည်သူအပေါ် ဂုတ်သွေးစုပ် ခရိုနီတစ်ချို့ကို မကျေနပ်လျှင် ဆဲခွင့်ရှိသေးတယ်။
အခု NLD နှင့် အဖွားကြီးအင်အားကောင်းလှမှကို ဘယ်ခရိုနီကိုမှ မဆဲရဲအောင် ဖြစ်နေတယ်။
ခရိုနီတွေကလည်း တစ်သက်လုံးစားလာတဲ့ကွမ်း သံပုရာတစ်ခြမ်းနှင့်ကျေ ဆိုသလို အဖွားကြီးအင်္ကျိ သိန်းထောင်ဂဏန်းပေးဝယ်လိုက် ပြည်သူ့ချဉ်ဖတ်ဘဝကနေ ပြည်သူ့ကျေးဇူးရှင်လိုလို NLD က တံဆိပ်ကပ်ပေးလိုက်လိမ့်မယ်။
ဘယ်ပေါင်ကပ် ညာပေါင်ကပ်တွေက ထမိန်ခြုံလိုက်လို့ ပြည်သူ့ကျေးဇူးရှင်လိုလို ဘဝပြောင်းသွားတော့ စစ်အစိုးရလက်ကျန် ဘဏ္ဍာသူခိုးများ၊ စစ်အစိုးရရဲ့ ခရိုနီအကြီးစားများကိုပဲ ဆဲဖို့ကျန်တော့တာပေါ့လေ။
ဒါလည်းပဲ မဆဲလိုက်ရပါဘူး။ လမ်းခင်းပေးရတာနဲ့၊ ကားတံခါးလှပ်ပေးရတာနဲ့တင် သူတို့လည်း သူတော်ကောင်းဘဝပြောင်းသွားတယ်။ NLD ကတော့ သမ္မတရာထူးတောင် အပ်ဦးမယ် ဆိုလား။
သူခိုးကို ဘဏ္ဍာစိုးခန့်ချင်တယ်ဆိုတော့ ဝေစားမျှစား ထင်တယ်။
ခုတော့ နောက်ဆုံးကျန်နေတဲ့ ဘဏ္ဍာသူခိုးကြီးကိုတောင် လွှတ်တော်မှာ အကာအကွယ်ပေးနေပြန်ပြီ။
NLD ကို ပြည်သူတွေ ကြည့်မရတာ အဲဒီအချက်ပဲ။
လက်ရှိရော အတိတ်ပါ သမိုင်းမှတ်တမ်းမရှိတဲ့ သမ္မတကိုကျ စွပ်စွဲ၊
အမှန်အကန် ဘဏ္ဍာသူခိုးတွေကျ ကာကွယ်ပေး၊
တိုင်းပြည်အတွက်လို့ နာမည်တပ်ပြီး ကိုယ်သမ္မတဖြစ်ဖို့ပဲ အာရုံထားပြီး ပြည်သူနစ်နာတာတွေကျ ဂရုမစိုက်၊
NLD နှင့် တည့်လျှင် သူခိုးက သူတော်ကောင်း၊
NLD နှင့် မတည့်လျှင် ဘယ်လိုသူတော်ကောင်း ဖြစ်ဖြစ် သူခိုး၊
နာမည်ဘယ်လောက်ဆိုးဆိုး၊ ပြည်သူအပေါ် ဘယ်လောက်ပဲ ယုတ်မာခဲ့ခဲ့၊
မယ်မယ်ကြီး ဆွယ်တာဝယ်လျှင် သူတောင်ကောင်းကြီး ဖြစ်လို့သွား။
အင်း ဒါတောင် သမ္မတ မဖြစ်သေးလို့။ သမ္မတသာဖြစ်လျှင် ဆွယ်တာဝယ်လျှင် လူသတ်လိုင်စင်၊ မုဒိမ်းလိုင်စင်တောင် ထုတ်ပေးမလား မသိဘူး။
မျိုးမင်းသန့်
Labels:
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment