ပြည်ထောင်စုလွှတ်တော်နာယက
သူရဦးရွှေမန်း
ရန်ကုန်တောင်ပိုင်း ခရိုင် မြို့နယ်များမှ စီမံကော်မတီများ ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီများ၊
စည်ပင် သာယာရေးကော်မတီများ ၊နိုင်ငံရေး ပါတီများ၊ မြို့ မိမြို့ဖများနှင့်ရင်း ရင်းနှီးနှီးတွေ့ဆုံ၊
မြန်မာ့နိုင်ငံရေြး ဖစ်ပေါ်ပြောင်းလဲတိုးတက်မှုများ ရှင်းလင်းပြောကြား
ပြည်ထောင်စုလွှတ်တော်နာယက
သူရဦးရွှေမန်း သည်ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်း ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊
ရှင်စောပုခန်းမ ၌ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိမြို့နယ်များမှ စီမံခန့် ခွဲရေးကော်မတီများ၊ဖွံ့ဖြိုးတိုးတက်ရေးအထောက်အ ကူပြုကော်မတီများ၊စည်ပင်သာယာရေးကော်မတီများ၊ နိုင် ငံရေးပါတီများနှင့်မြို့မိမြို့ဖများအားတွေ့ဆုံအမှာစကားပြော ကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးမြငြိမ်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊
ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ
တာဝန်ရှိသူ များတက်ရောက်ကြသည်။
၂၀၁၁ခုနှစ်အောက်တိုဘာလ၌ ပြည်ထောင်စုရွေးကောက်ပွဲဥပဒေကိုပြင်ဆင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ဲ့၍အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် ရွေးချယ်ခံခဲ့ရသည်ကို
အားလုံးအသိ ပင်ဖြစ်ကြောင်း၊၂၀၁၂ခုနှစ်နောက်ပိုင်း၌မိမိတို့၏ ရည်မှန်း ချက်ဖြစ်သော ပါတီစုံဒီမိုကရေစီနှင့်
ဈေးကွက် စီးပွားရေး စနစ်လမ်းကြောင်းပေါ်ရောက် ရှိနေပြီဟု နိုင်ငံတကာကအသိအမှတ်ပြုလာခဲ့ကြောင်း၊ ပိတ်ဆို့အရေးယူမှုများကိုလည်း
ဖြေလျှော့ပေးလာခဲ့ကြောင်း၊ နိုင်ငံတကာနှင့် ပုံမှန်ဆက်သွယ်ဆက်ဆံလာနိုင်ခဲ့ကြောင်း၊
အဆိုပါအချက်များကို ပြန်လည်သုံးသပ်ပါက နိုင်ငံတော်အေးခမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရအနေဖြင့်
ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးနိုင်ရန် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ကို
မည်သူ မျှငြင်း ပယ်၍ မရနိုင်ပါကြောင်း။
မိမိတို့လွှတ်တော် အပါအ၀င် အစိုးရအဖွဲ့အနေဖြင့်
အပြောင်းအလဲများလုပ်ဆောင်ရာတွင်လွယ်လွယ်နှင့်မရနိုင် ဘဲအခက်အခဲများကြုံတွေ့နိုင်သည်ကိုသိရှိထားပါကြောင်း။ သို့သော်လည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်ဆို လျှင် ပါတီစုံဒီမိုကရေစီနှင့်ဈေးကွက်စီးပွားရေး စနစ်ကျင့် သုံးနိုင်မှသာ
ဖြစ်မည်ဆိုသောအသိဖြင့် မဖြစ်ဖြစ်အောင်ဆောင် ရွက်နိုင် ခဲ့ခြင်းဖြစ်ပါကြောင်း၊
နိုင်ငံတကာကိုကြည့်မည်ဆိုပါက အာဏာရအဖွဲ့အစည်းအနေဖြင့် အာဏာကိုချောမောပြေပြစ်စွာလွှဲပြောင်းပေးခြင်းမှာခဲယဉ်းပြီးမရှိသလောက်
ပင်ဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံအချို့တွင် အာဏာရှိသူနှင့်ပြည်သူများအကြား ပဋိပက္ခများဖြစ် ပွားပြီး
ပြည်သူအများ အတိဒုက္ခရောက်လျက်ရှိသည် ကို တွေ့ရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ယင်းသို့မဖြစ်ပေါ်စေရန် ၂၀၁၀ရွေးကောက်ပွဲတွင်အနိုင်ရရှိသည့်ပါတီက
ဖွဲ့ စည်းပေးလိုက်သည့် အစိုးရသစ်တက်လာပြီးနောက် တစ်ပါတီစနစ်မဟုတ်ဘဲ ပါတီစုံစနစ်ကျင့်သုံးခဲ့ကြောင်း ပါတီများအားလုံးသည် အမျိုးသားအကျိုးစီးပွားကို အခြေခံ ၍
ပါတီမူဝါဒချမှတ်ဆောင်ရွက်နေခြင်းဖြစ် ပါကြောင်း၊ မိမိတို့လွှတ်တော်များအတွင်း၌ ပါတီစွဲ ပုဂ္ဂိုလ်စွဲ လူမျိုးစွဲ အယူဝါဒစွဲမထားဘဲ
နိုင်ငံတော်နှင့်နိုင်ငံသားအကျိုးဖြစ် ထွန်းစေရန်အတွက်အားလုံးပါဝင်ဆောင်ရွက်မည်ဆိုသည့်
ခံယူချက်ထားရှိဆောင်ရွက်နေပါကြောင်း၊ ယခုဆိုလျှင် မိမိတို့နိုင်ငံ၌ ပါတီပေါင်း ၆၅ပါတီရှိလာပြီဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၌
အမှန်တကယ်လိုအပ်နေသည်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးပင်ဖြစ်ကြောင်း၊ သို့မှသာ
ငြိမ်းချမ်းရေး ရ ရှိနိုင်မည်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေး ရရှိအောင်
ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ဖွဲ့စည်းထားသည့် ပါတီအသီးသီးအနေဖြင့် တစ်ပါတီနှင့်တစ်ပါတီ
ရန်သူလို သ ဘောမထားဘဲ လုပ်ဖော်ကိုင်ဖက်လိုသဘောထား ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် အားလုံးပါဝင်ကြရန် ဖိတ်ခေါ်လျက်ရှိပါကြောင်း၊အတိတ်သမိုင်းကြောင်းကိုကြည့် ပါက ကြွေးကြော်သံများဖြင့်လုပ်ခဲ့ကြသော် လည်း အောင် မြင်မှုမရခဲ့ကြောင်း၊
အစွဲအလမ်း ကြီးပြီးခေတ် အဆက်ဆက် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ရန်ဖြစ်နေကြ၍
ဒုက္ခရောက်ရသည်မှာ ပြည်သူ များပင်ဖြစ်ကြောင်း။
တစ်ပါတီနှင့်တစ်ပါတီ
တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြုတ်တိုက် ၍မရပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာအရကျဆုံး သွားသော်လည်း
စိတ်ပိုင်းဆိုင်ရာအရကျန်နေ ဦး မည်ဖြစ်ကြောင်း၊ တစ်ပါတီနှင့်တစ်ပါတီတစ်ဖွဲ့နှင့်တစ်ဖွဲ့
အပြတ်ရှင်း၊ အပြုတ် တိုက်ဆိုသည်မျိုးလက်ခံကျင့်သုံး ၍မရပါကြောင်း၊ ယင်းသို့ဖြစ်နေလျှင်
အခြားနိုင်ငံများ ထက် ဖွံ့ဖြိုးမှုနောက်ကျကျန်နေဦးမည်ဖြစ်ကြောင်း၊ အမျိုးသားရေးကိုအခြေခံဖွဲ့စည်းထားသည့်
ပါတီတိုင်း တွင်ကောင်းမွန်သောရည်ရွယ်ချက်ရည်မှန်းချက်များရှိကြကြောင်း ပါတီတစ်ခုနှင့်တစ်ခုအပြောနှင့်ပြိုင်
အလုပ်နှင့်ပြိုင်ကြရ မည်ဖြစ်ပြီးမည်သူကအမှန်တကယ်လုပ်ပေးနိုင် မည် ကို ပြည်သူများက စဉ်းစားဆုံးဖြတ်ရွေး
ချယ်ရမည် သာဖြစ်ကြောင်း
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်
၍ ပြင်ဆင်ခြင်းကိုလိုလားပြီး အသစ်ရေးဆွဲခြင်းကို
မလိုလားပါကြောင်း၊ အတည်ပြုပြဌာန်းလိုက်သည့်
ဖွဲ့စည်းပုံကိုလောလောဆည်အားဖြင့်မိမိတို့လိုက်နာရမည် သာဖြစ်ကြောင်း၊ဖွဲ့စည်းပုံတစ်ခုအသစ်ရေးဆွဲမည်ဆိုပါက
မလိုလားအပ်သောကိစ္စများများစွာကြုံတွေ့ရ မည်ဖြစ်ကြောင်း၊ ပြင်စရာရှိကပြင်ရန်၊ ပြောင်းစရာရှိကပြောင်းရန်သာလိုကြောင်း
၊အခြားနိုင်ငံများကိုကြည့်ပါကလည်းပြင်ခဲ့ပြောင်းခဲ့သည် များ ရှိပါကြောင်း၊ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးနှင့် ပတ်သက်၍ မူဘောင်အတွင်းမှဆောင်ရွက်သွားရန် လိုလားပါကြောင်း၊ တိုင်းပြည်ကောင်းစားရေး၊တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက်ဆို
လျှင် ထောက်ခံရမည်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် ခေါင်းစဉ် တစ်ခုပင်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးကိုတစ်ရက်တည်း တစ်ကြိမ်တည်းလုပ်၍မရနိုင် ကြောင်း၊အစဉ်တစိုက် လုပ်ဆောင်ရ မှာဖြစ်ကြောင်း၊ပြုပြင်ပြောင်းလဲရေးကို အဓိကလုပ်ဆောင်ခဲ့
၍ထိုက်သင့် သလောက်ခရီးရောက် ခဲ့ပြီဖြစ်ကြောင်း၊ အခုရေတွင်းတူး အခုရေကြည်သောက် ၍မရနိုင်ပါကြောင်း။
လွှတ်တော်များ၏တာဝန်သည်
ဥပဒေပြဌာန်းရန် အဓိကဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရာ တွင်ဥပဒေများပြင်ဆင်ခြင်းပြဌာန်းခြင်းများ ကို ဆောင်ရွက် ရန်လိုကြောင်း ၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ သည်
ခက်ခဲသော်လည်း ကြောက်ရွံ့နေ ၍မရဘဲဆက်လုပ်သွားရမည်ဖြစ်ကြောင်း၊ လွှတ်တော်အစိုးရ သာမက ပြည်သူများကပါပြောင်း လဲရာတွင် ပါဝင်ကြရမည်ဖြစ်ကြောင်း၊
ပြောင်းလဲ ရာတွင် Mind est များပြောင်းလဲရန်လိုအပ်ပါကြောင်း၊ ဆန့်ကျင် ဘက်ပြောတိုင်း
အကောင်းဘက်သို့ဦးတည်ခြင်း မဟုတ်ပါကြောင်း သတင်းမီဒီယာများအပိုင်းကလည်း မှန်မှန်ကန်ကန် ပါဝင်ရန်လိုကြောင်း။
နိုင်ငံတော်သမ္မတကြီးက
ကောင်းမွန်သောအစိုးရ ၊သန့်ရှင်းသောအစိုးရဖြစ်အောင် ဆောင်ရွက်ရမည်။ ပြည်သူကိုဗဟိုပြုဆောင်ရွက်ရမည်ဟု
ပြောကြားခဲ့ကြောင်း၊ ပြည်သူကိုဗဟိုပြု ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရေးအတွက် မြို့နယ်များ၌
စီမံခန့် ခွဲရေးကော်မတီ၊ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြု ကော်မတီနှင့် စည်ပင်သာယာရေးကော်မတီတို့ ကို
ဖွဲ့စည်းပေးထားကြောင်း၊ ကျေးရွာအဆင့်၌ ဖွံ့ဖြိုးတိုးတက်
ရေးအထောက်အကူပြုအဖွဲ့များရှိကြောင်း ၊ယင်းအဖွဲ့များသည် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်
အရေးပါ သောအဖွဲ့များဖြစ်ကြောင်း၊ ကော်တီများ၏အခန်း ကဏ္ဍသည် အရေးပါသည့်အလျောက်စေတနာထားလျှင် ထားသလောက် အရည်အချင်းရှိလျှင်ရှိသလောက် ဒေသ တိုးတက်မည်ဖြစ်ကြောင်း၊ ၄င်းတို့သည်အခကြေးငွေ
တစ်စုံတရာမရဘဲ ဆောင်ရွက်သူများဖြစ် ၍ ဂုဏ်ပြုခံထိုက် သူများဖြစ် ပါကြောင်း၊ ရပ်ကွက်ကျေးရွာမှ
မြို့နယ်၊ မြို့နယ်မှခရိုင်၊ ခရိုင်မှ တိုင်းဒေသကြီး/ပြည်နယ် များ၊၄င်းမှပြည်ထောင်စုတစ်ခုလုံးပီပြင်တိုးတက်စေသော
လုပ်ငန်းစနစ်ဖြစ်ကြောင်း၊ အောက်မှအထက်သို့ (Bottom Up) စနစ်ဖြစ်ကြောင်း။
ကော်မတီများ၏လုပ်ငန်းကိုသက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က
ထိုက်သင့်သလို အကူအညီပေးသကဲ့သို့ လွှတ်တော်က လည်းအကူအညီများပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်ကပြဌာန်းလိုက်သည့်ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း တစ်ထောင်ကိစ္စတွင်သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လေး ဦးအပြင်
ကော် မတီများကပါဝင်ဆောင်ရွက်ပေးကြလျှင် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ စိတ်ပါလက်ပါဆောင် ရွက်ပေးသည်ကိုကြားသိရသဖြင့်ဝမ်းမြောက်ကျေးဇူး တင်ရှိပါကြောင်း၊ယခုကဲ့သို့ကြုံကြိုက်တုန်း၌မိမိဒေသဖွံ့ ဖြိုးရေးအတွက်ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်ဖိတ်ခေါ် ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက်
ရန်ကုန်တောင်ပိုင်းခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးဦးစိုင်းသော်ဝင်းကခရိုင်နှင့်ပတ်သက်
သည့် ဒေသဆိုင်ရာ အချက်အလက်များကိုရှင်းလင်း တင်ပြသည်။
ထို့နောက်ရန်ကုန်အတွင်းရှိ သန်လျင်မြို့နယ်၊ ကျောက် တန်းမြို့နယ်၊သုံးခွမြို့နယ်၊ခရမ်းမြို့နယ်၊တွံ တေးမြို့ နယ်၊ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ဒလမြို့နယ်၊ ဆိပ်ကြီးခနောင် တိုမြို့နယ်နှင့်
ကိုကိုးကျွန်းမြို့ နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့များနှင့်စည်ပင်သာယာရေးကော် မတီများမှတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်ချက်များကို
ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်
တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်
ဦးမြင့်ဆွေက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ်
ပြည်ထောင်စုလွှတ်တော်နာယက ကပြန်လည်သုံးသပ်ဆွေးနွေးပြီးနိဂုံးချုပ်အမှာစကားပြော ကြားကာတွေ့ဆုံပွဲသို့တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
No comments:
Post a Comment