Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Sunday, November 9, 2014
အင်္ဂလန်ဘုရင်မအဲလီဇဘတ်သ်အားလုပ်ကြံသတ်ဖြတ်ရန်အစ္စလာမ်အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု လျှို့ဝှက်ကြံစည်သောမူဆလင်လေးဦးအားဖမ်းဆီးထား
ယခုရက်သတ္တပတ်အတွင်း အောက်မေ့ဖွယ်နေ့၌ ဘုရင်မကြီးအား ဓားဖြင့်တိုက်ခိုက်၍ လုပ်ကြံ
သတ်ဖြတ်ရန် လျှို့ဝှက်ကြံစည်မှုတစ်ခုကို ဗြိတိသျှရဲများက တားဆီးနိုင်ခဲ့သည်ဟု ၎င်းတို့က ပြောကြားသည်။
အကြမ်းတိုက်ဖျက်ရေးရဲများက သိမ်းစ် ဗယ်လေ နှင့် လန်ဒန်အနောက်ပိုင်းရှိ လိပ်စာများကို တစ်ဟုန်ထိုးတိုက်ခိုက်စီးနင်းခဲ့ကြပြီး အသက် ၁၉ နှစ်မှ ၂၇ နှစ်ရှိသော လူလေးဦးကို ဖမ်းဆီးခဲ့ကြသည်။
စကော့တလန်ယာ့ဒ်မှ ထိုအကြောင်းကို နိုဝင်ဘာ ၇ ရက်နေ့အထိ ရေငုံနှုတ်ပိတ်နေ,နေသော်လည်း ၎င်းမှာ ဗြိတိန်မြေပေါ်၌ကျူးလွန်မည့် အစ္စလမ္မစ်လုပ်ကြံမှုတစ်ခုဖြစ်ပြီး အဆက်မပြတ်ဖြစ်ပွားနေသည့် အစ္စလမ္မစ်ဆက်စပ်အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးမှုများမှ အပိုင်းအစတစ်ခုဖြစ်ကြောင်းကိုမူ အတည်ပြုပြောကြားခဲ့သည်။
သို့သော် ၎င်းတို့အဓိက စုံစမ်းနေသော ပစ်မှတ်အမည်ကိုမူ ပြောဆိုခြင်း မရှိခဲ့ပါ။
နိုဝင်ဘာ ၇ ရက်ထုတ် ဗြိတိန် The Sun သတင်းစာမှ ဖော်ပြချက်၌ မြို့တော်လန်ဒန်ရှိ ကျဆုံးသွားလေပြီးသော ဗြိတိသျှစစ်သားများအတွက် အမှတ်တရအဆောက်အဦး၌ လွမ်းသူ့ပန်းခွေချမည့် အသက် ၈၈ နှစ် အရွယ် ဘုရင်မကြီးအား လုပ်ကြံရန် ကြံစည်ထားကြသည်ဟု ဖော်ပြထားသည်။ ဘုရင်မကြီးနှင့် ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်တို့ကို ပစ်မှတ်ထားလုပ်ကြံမှုများ ရှိနေကြသည်ဟုလည်း သတင်းစာမှ ဖော်ပြသည်။
လက်နက်အပြည့်အစုံတပ်ဆင်ထားသော အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့မှ သိမ်းစ်ဗယ်လေရှိ ဟိုက်ဝိုင်ကွန်ဘီ နှင့် လန်ဒန်အနောက်ပိုင်းရှိ လိပ်စာများကို စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ကာ လူ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး နောက်ထပ်လိပ်စာလေးခုကိုလည်း စီးနင်းခဲ့ကာ ထိုသူများနှင့် ပတ်သက်သော နောက်ထပ်လေးဦးကိုလည်း ဖမ်းဆီးခဲ့သည်။
၎င်းတို့အားလုံးကို ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုနှင့်ပတ်သက်သော လှုံ့ဆော်မှု၊ လုပ်ကြံမှု၊ စီစဉ်မှုများဖြင့် အကျဉ်းချထားသည်။
အသက် ၁၉ နှစ်အရွယ် ယူဆွဖ်ဆိုင်ယာဒ် ဆိုသူကို ဟိုက်ဝိုင်ကွမ်ဘီရှိ ၎င်းမိခင်၏အိမ်၌ ဖမ်းဆီးခဲ့ပြီး တစ်ချိန်တည်းမှာပင် အသက် ၂၂ နှစ်အရွယ် တစ်ဦးကို လန်ဒန်အနောက်ပိုင်းရှိ ဟောင်းစလိုး၌ ညနေ ၈:၄၅ ၌ ဖမ်းဆီးခဲ့သည်။ ၁၉ နှစ်အရွယ် လူငယ်မှာ လောလောလတ်လတ်ပင် ပါကစ္စတန်သို့ ခရီးသွား၍ ပြန်လာသူဖြစ်သည်။
အသက် ၂၅ နှစ်အရွယ် လူကို နိုဝင်ဘာ ၈ ရက် နံနက် ၂ နာရီ ၅၅ မိနစ်၌ အာ့က်စ်ဘရစ်ဂ်ျတွင် ဖမ်းဆီးခဲ့ပြီး အသက် ၂၇ နှစ်အရွယ် လူကို နိုဝင်ဘာ ၈ ရက်၊ ည ၈နာရီခွဲ၌ ဆောက်သ်ဟော၊ လမ်းတစ်လမ်းပေါ်ရှိ ကားတစ်စီးအတွင်းမှ ဖမ်းဆီးခဲ့သည်။
ထိုဖမ်းဆီးမှုများပြုနိုင်ရန်အတွက် ထောက်လှမ်းရေးအေဂျင်စီ M15 မှ စုံစမ်းထောက်လှမ်း သတင်းရယူပေးခဲ့သည်။
______________________________________________
http://mobile.news.com.au/ ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
Labels:
နိုင်ငံတကာသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment