Tuesday, November 18, 2014

နောက်လာမယ့် အစိုးရသစ် လက်ထက်မှာပဲ အခြေခံဥပဒေ ပြင်နိုင်မယ်လို့ ဦးရွှေမန်းပြော

နေပြည်တော်၊ နိုဝင်ဘာ ၁၈
အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံညှိနှိုင်းဖို့ ရှိပေမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရ သက်တမ်းမှာပဲ ပြင်နိုင်မယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောဆိုပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့က ပြည်သူ့လွှတ်တော်ရှိ အခြေခံဥပဒေ ပြင်ဆင်ရေး အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာတွေကို အခုလို ပြောဆိုလိုက်တာပါ။
အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်မှာ ဆွေးနွေးကြရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တွေက ပုဒ်မ ၄၃၆ ကို မပြင်လိုဘူးဆိုပြီး ကန့်ကွက်နေမှုတွေ ရှိနေတာကြောင့် ပြင်ဆင်ရေးအတွက် အရေးပါတဲ့ နိုင်ငံတော်မ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် တို့နဲ့ တွေ့ဆုံညှိနှိုင်းမယ်လို့ ဦးရွှေမန်းက ပြောပါတယ်။
သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံ ညှိနှိုင်းဖို့ ရှိပေမယ့် ပြင်ဆင်ချက်တွေ ပါဝင်တဲ့ ဥပဒေကြမ်းကို ၂၀၁၅ ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရသက်တမ်းမှာ ကျင်းပမယ့် လွှတ်တော်မှာပဲ အတည်ပြုနိုင်မယ်လို့ သူက ဆိုပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လာမယ့် ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဆွေးနွေးမှုရလဒ်တွေကို အပြီးသတ် ဆောင်ရွက်ပြီး ၂၀၁၅ ဇန်နဝါရီမှာ လိုအပ်တဲ့ ပုဒ်မတွေကို ပြည်သူ့ဆန္ဒ ခံယူမယ်။ အဲဒါကြောင့် ၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်းပဲ ကျင်းသုံးမယ်လို့ ဦးရွှေမန်းက ပြောဆိုပါတယ်။
the voice

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ