ဆောင်းဦးကာလတွင် တရုတ်နှင့် အိန္ဒိယဘက်မှ တိုးဝင် လာသော လေအေးများကြောင့် ရှမ်းပြည်နယ်ဘက်၌ အချိန်အခါမဟုတ်မိုးရွာနိုင်သကဲ့သို့ ဒေသအ ချို့၌ ပုံမှန်ထက် အပူချိန်မြင့်တက်နေကြောင်း မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးသည်။
မိုး/ဇလဌာနကလည်း ရှမ်း နှင့် ကချင်ပြည်နယ်အပြင် စစ်ကိုင်း၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းတို့တွင် နေရာကွက်ကျားမိုးရွာနိုင်ကြောင်းသတင်းထုတ်ပြန်ထားသည်။
‘‘အခုက မိုးအလွန်ဆောင်း အကူးကာလ။ ဒီလိုကာလတွေက အဲဒီပြဿနာရှိတယ်။ ရာသီအ ထိုင်မကျတာပေါ့။မိုးလည်း မပီ ပြင်ဘူး။ ဆောင်လည်းမပီပြင်ဘူး။ ဒါကြောင့် အပူချိန်တွေ မြင့်နေ တယ်။ သတိပေးအဆင့်ထက်ပိုတဲ့ အန္တရာယ်ရှိအဆင့်ဖြစ်နေတာ။ သတိထားဖို့လိုတယ်’’ဟု မိုးလေ၀ သပညာရှင်ဒေါက်တာထွန်းလွင် ကပြောသည်။
ယခုရက်ပိုင်းမှာပင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ပုံမှန်ထက်နေ့အပူချိန်များသိသိ သာသာမြင့်တက်နေပြီး အခြား ဒေသများတွင်လည်း အပူချိန်မြင့် နေနိုင်ကြောင်း ၎င်းကပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က နေ့အပူချိန် ၁၀၅ဒီဂရီ ဖာရင်ဟိုက်မှ ၁၃၀ဒီဂရီဖာရင် ဟိုက်ကြားကို အန္တရာယ်ရှိအဆင့် သတ်မှတ်ထားပြီး အဆိုပါဒေသ များတွင် ပျမ်းမျှအပူချိန် ၁၂၅ဒီဂရီ ဖာရင်ဟိုက်အထိ မြင့်နေကြောင်း သိရသည်။
နေ့အပူချိန်များ ၁၀၅ဒီဂရီ ဖာရင်ဟိုက်အထက်ရှိနေပါက မျက်စိနှင့် အရေပြားဆိုင်ရာ ရောဂါများခံစားရတတ်သည့်အပြင် ပိုပြင်းထန်ပါက Heat Stroke ကဲ့သို့ အပူဒဏ်ကြောင့် ရုတ်တရက်သေဆုံးမှုမျိုးအထိ ဖြစ်တတ်ကြောင်း အရေပြားရောဂါအထူးကုဆရာဝန်ဒေါက်တာမျိုးဆွေက ပြောသည်။ အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို ဂရုစိုက်သင့်ကြောင်း ၎င်းကအကြံပြုသည်။
7Day
No comments:
Post a Comment