Monday, November 10, 2014

ဘောလုံးကြယ်ပွင့်ဟောင်း ဘက်ဟမ်း၏ အကြီးဆုံးသားကို အာဆင်နယ်ခေါ်ယူဟုဆို

လန်ဒန်− ဘောလုံးကြယ်ပွင့် ဟောင်း ဒေးဗစ်ဘက်ဟမ်း၏ အ ကြီးဆုံးသား ဘရွတ်ကလင်ဘက် ဟမ်းကို အာဆင်နယ်အသင်းက ကာလတိုစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဆိုသော သတင်းများ ထွက်ပေါ်နေသည်။

မန်ယူနှင့် ရီးရဲလ်အသင်းတို့ ၏ ဘောလုံးကြယ်ပွင့်ဟောင်း ဘက်ဟမ်း၏သား ဘရွတ်ကလင် (၁၅)နှစ်သည် အာဆင်နယ်အ သင်းတွင် နမူနာကစားပြခဲ့ပြီး နည်းပြများက သဘောကျသော ကြောင့် ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ စာချုပ်တစ်ရပ် ဖြင့် အာဆင်နယ်က ခေါ်ယူလိုက် ကြောင်း Daily Star သတင်းဌာန က ဖော်ပြသည်။
ဘရွတ်ကလင်၏ ခြေစွမ်း ကြောင့် ဖခင်၏အသင်းဟောင်း မန်ယူအပါအဝင် ဘောလုံးအ သင်း အတော်များများက ၎င်းကို စိတ်ဝင်စားနေကြောင်း သတင်း များက ဖော်ပြသည်။ ပြီးခဲ့သည့်နှစ်က ဖူဟမ်အသင်းနှင့် ခြေစမ်းစဉ် ဘရွတ်ကလင်ကို ချယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားခဲ့ သည်။
လာမည့်ဘောလုံးရာသီတွင် ၎င်းကို ငွေပမာဏများစွာဖြင့် အာ ဆင်နယ်က စာချုပ်ချုပ်ဆိုခေါ်ယူ ခြင်းကို မြင်တွေ့ရလိမ့်မည်ဟု သတင်းရင်းမြစ်တစ်ခုကို ကိုးကား ၍ Daily Star သတင်းဌာနက ဖော်ပြသည်။ ဘရွတ်ကလင်၏ ညီနှစ်ဦးဖြစ်သော ရိုမီယို(၁၂)နှစ်နှင့် ခရုဇ် (၉)နှစ်တို့မှာလည်း အာဆင်နယ် လူငယ်အသင်းများနှင့် လေ့ကျင့်နေသည်။
—Ref: The Independent

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ