Thursday, November 13, 2014

အာဆီယံဒေသတွင်း လူငယ်များအတွက် ပညာရေးအခွင့်အလမ်းပိုမိုရရှိစေရန်နှင့် ကဏ္ဍမျိုးစုံပူးပေါင်းဆောင်ရွက်မည်ဟု အိုဘားမားပြော


အာဆီယံဒေသတွင်း အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရန်၊ အာဆီယံဆက်သွယ်ရေးကို အကူအညီပေးရန်၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ သဘာဝဘေးကာကွယ်ရေး၊ ဒေသတွင်းလူငယ်များအတွက် ပညာရေးအခွင့်အလမ်းများ ပိုမိုရရှိစေရန် ကူညီပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဘားရက်အိုဘားမားက အာဆီယံ-အမေရိကန်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
‘‘အာဆီယံဆွေးနွေးဖက်တွေနဲ့လည်း နီးကပ်တဲ့ဆက်ဆံရေးကို ဖော်ဆောင်နိုင်မယ့်ခရီးစဉ်လည်းဖြစ်ပါတယ်။ ဒီနေ့အစည်းအဝေးဟာ အာဆီယံနဲ့ အမေရိကန်တို့ကြားမှာ ခိုင်မာတဲ့ဆက်ဆံရေးရရှိစေဖို့အတွက်ဖြစ်ပါတယ်။ အာဆီယံ-အမေရိကန်ဆွေးနွေးပွဲဟာ အရှေ့တောင်အာရှဒေသနဲ့ အမေရိကန်တို့ကြားမှာအရေးပါတဲ့ ကိစ္စရပ်တွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်’’ဟု အိုဘားမားက ပြောကြားခဲ့သည်။
ဒုတိယအကြိမ် အာဆီယံ-အမေရိကန်ထိပ်သီးအစည်းအဝေးပွဲကို နိုဝင်ဘာ ၁၃ ရက်နေ့လယ်တွင်ပြုလုပ်ခဲ့ပြီး ခေါင်းဆောင်အားလုံးတက်ရောက် ခဲ့ကြသည်။
အဆိုပါအစည်းအဝေးကို နေ့လယ် ၁၁ နာရီ ၄၅ မိနစ်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း တစ်နာရီကြာနောက်ကျပြီးမှ ကျင်းပခဲ့သည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ