နေပြည်တော်
နိုဝင်ဘာ ၂၁
တပ်မတော်အနေဖြင့် ပုံမှန်လုပ်ငန်းစဉ်ဖြစ်သော
လုံခြုံရေးတာဝန်များလဲလှယ်ခြင်း၊ ရိက္ခာပို့ဆောင် ရေးလမ်းကြောင်းများပြုပြင် ဖောက်လုပ်ခြင်းတို့ကို
သက်ဆိုင်ရာနယ်မြေမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများသို့ အခါအားလျော်စွာ ကြိုတင်အသိပေးခြင်း၊
ပုံမှန်ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ထိုသို့လုပ်ဆောင်ခဲ့သော်လည်း ကေအိုင်အေ(ကချင်)
အဖွဲ့သည်ဇွန် ၁ရက်၊ စက်တင်ဘာ ၁၃ ရက်နှင့် ၂၆
ရက်၊အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ရက်တို့တွင် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲ လွယ်ရင်းကျေးရွာ
အနီး၌တပ်မတော်စခန်းများကို လာရောက်နှောက့်ယှက်ပစ်ခတ် ခဲ့မှုများရှိခဲ့သဖြင့် ပဋိပက္ခ
ညှိနှိုင်းဖြေရှင်း အဖွဲ့(ကေအိုင်အို)သို့ အကြိမ်ကြိမ်အကြောင်းကြား သတိပေးကန့်ကွက်မှုများဆောင်ရွက်ခဲ့ကြောင်း
တပ်မတော်ကယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယခုလ၁၆ ရက်တွင်လည်း ကချင်ပြည်နယ် မန်စီမြို့နယ်
ပလောင်ဒိန်ဆာကျေးရွာအနီးနယ်မြေ လုံခြုံရေးအတွက် ပုံမှန်တာဝန် လဲလှယ်ရန်တပ်မတော်စစ်ကြောင်း
ချီတက်နေစဉ် လမ်းဘေးတောင်ကုန်းမှ အသင့်စောင့်ဆိုင်းနေသောကေအိုင်အေ အဖွဲ့တစ်ဖွဲ့က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ
တပ်မတော်စစ်သည် လေးဦးဒဏ်ရာရခဲ့ကြောင်း။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ကမြစ်ကြီးနားမြို့ရှိ
ပဋိပက္ခညှိနှိုင်းဖြေ၇ှင်းရေးအဖွဲ့မှ တဆင့်ကေအိုင်အေ အဖွဲ့ထံသတိပေးအကြောင်းကြားခဲ့သော်လည်း
ယခုလ ၁၇ ရက်တွင်ဆက်လက် ထွက်ခွာစဉ် အဆိုပါစစ်ကြောင်း မဂျီဂွမ်ကျေးရွာအနီးအရောက် အင်အား
၈၀ခန့်ရှိ ကေအိုင်အေ အဖွဲ့က အရပ်မျက်နှာ အသီးသီးမှလက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သည်တစ်ဦး ထပ်မံဒဏ်ရာရခဲ့ကြောင်း။
သို့ဖြစ်ရာမိမိဘက်မှ စတင်ပစ်ခတ်တိုက်ခိုက်မှုမဖြစ်ပွားစေရန်အဆင့်ဆင့်
ထိန်းသိမ်းကြပ်မတ် လုပ်ဆောင်၍ ထာဝရ ငြိမ်းချမ်းမှုရရှိစေရေး ဒေသခံပြည်သူများလုံခြုံစိတ်ချစွာ
သွားလာနိုင်စေရေးနှင့် အထက်ပါလုပ်ရပ်များ ထပ်မံမဖြစ်ပွားစေရေးတို့အတွက်
လက်အောက်ခံတပ်ဖွဲ့ဝင်များသို့ ထိန်းသိမ်း ကြပ်မတ်နိုင်ရန်ပြည်နယ် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့(ကေအိုင်အို)
ထံယခုလ ၁၈ ရက်တွင်ထပ်မံ အကြောင်းကြားခဲ့သည့်အပြင် နယ်မြေအတွင်း ပုမှန်ရိက္ခာတင်ပို့ရန်လမ်းကြောင်းဖောက်လုပ်နေမှုအပေါ်
နှောင့်ယှက်ပစ်ခတ်မှုမပြုရေးနှင့် နှောင့်ယှုက်လာပါက လိုအပ်သလိုတန်ပြန်အရေးယူဆောင်ရွက်သွား
မည်ဟု အသိပေးအကြောင်းကြားခဲ့ကြောင်း။
သို့သော် ကေအိုင်အေအဖွဲ့အနေဖြင့် ယခုလ ၁၉ရက်နေ့
၁၁နာရီခန့်တွင် တပ်မတော်မှ ပုံမှန်ပြု လုပ်ဆောင်ရွက်မှုဖြစ်သည့် ရိက္ခာပို့ဆောင်ရေးလမ်းကြောင်း
အတွက်ဆမားလမ်းခွဲ-ဂဂမ်လမ်းပိုင်း လမ်းဖောက်လုပ်နေသော စစ်သည်နှင့် မြေထိုးယာဉ်ကိုလက်နက်ကြီးများဖြင့်
ထပ်မံလာရောက်ပစ်ခတ် ခဲ့ရာလုံခြုံရေးလိုက်ပါနေသော တပ်မတော်စစ်ကြောင်းက ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ရကြောင်း။
တပ်မတော်အနေဖြင့် ဒေသခံပြည်သူများလုံခြုံစိတ်ချစွာ
သွားလာနိုင်ရေးအတွက် နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်းစဉ်များဖြစ်သော နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊
လုံခြုံရေးတာဝန် လှဲလှယ်မှုဆောင် ရွက်ခြင်းနှင့် လမ်းပြုပြင်ဖောက်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်မှုအား
နှောင့်ယှက်မှုများမလုပ်ရန် အကြိမ်ကြိမ် ဆက်သွယ်သတိပေးခဲ့သော်လည်း
ကေအိုင်အေအဖွဲ့အနေဖြင့် လက်အောက်အဖွဲ့များကို ထိန်းသိမ်းကြပ်မတ်မှုမရှိဘဲဒေသတွင်း စစ်ရှိန်မြင့်မားစေသော
လုပ်ရပ်များတိုးမြှင့်မားစေသော လုပ်ရပ်များ တိုးမြှင့်လုပ်ဆောင်လာသဖြင့် အဆိုပါဖြစ်စဉ်နှင့်တပြိုင်နက်
တပ်စခန်းမှလက်နက်ကြီးများဖြင့် တန်ပြန်သတိ ပေးပစ်ခတ်မှုပြုလုပ်ခဲ့ရာ ကေအိုင်အေ စခန်းအတွင်းကျရောက်ပေါက်ကွဲ၍
ထိခိုင်ဒဏ်ရာရှိမှုများရှိခဲ့ကြောင်း၊
တပ်မတော်အနေဖြင့် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်နေမှုကို
အာမခံနိုင်မည့် နိုင်ငံရေး နိုင်ငံရေးသဘောတူညီချက်များ ထွက်ပေါ်လာစေရေး၊ ဒေသတွင်း စစ်ရှိန်လျှော့ချရေးနှင့်
တိုက်ပွဲ များ ထပ်မံမဖြစ်ပွားစေရေးတို့အတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ
ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)၊ တစ်တိုင်းပြည်လုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေး
ကော်မတီ (NCCT) တို့နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။ တစ်ဖက်ကလည်း တပ်မတော်အနေဖြင့်
တိုင်းပြည်ကာကွယ်ရေးလုပ်ငန်းစဉ်အတွက် လုံခြုံရေးတာဝန်ထမ်း ဆောင်ခြင်းနှင့် အထောက်အကူ
လမ်းဖောက်ခြင်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ကေအိုင်အေအဖွဲ့ အနေဖြင့် လုံခြုံရေးတာဝန်
ထမ်းဆောင်နေသည့်စစ်ကြောင်းများကို ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ လမ်းဖောက်လုပ်သော
စစ်သည် ၀န်ထမ်းများကို နှောင့်ယှက်တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခြင်း မရှိစေရေး သတိပေးအကြောင်းကြားထား
ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
ပြည်ထောင်စု့နေ့စဉ်
No comments:
Post a Comment