Tuesday, November 18, 2014

အတွင်းဝန်ရာထူးများ ခန့်အပ်ရန် ပြန်စီစဉ်

အတွင်းဝန်ရာထူးများ ခန့်အပ်ရန် ပြန်လည်ဆောင်ရွက်နေပြီး ၀န်ကြီးဌာနများ ပြန်လည် ပြင်ဆင်ဖွဲ့စည်းသွားရန် စီစဉ်နေကြောင်း နေပြည်တော်ဝန်ကြီးဌာန အသိုင်းအ၀ိုင်းမှ သတင်းရရှိ သည်။
အတွင်းဝန်ရာထူးများခန့်အပ်ရန် ဖွဲ့စည်းပုံကို ၀န်ကြီးဌာန များမူလက ရေးဆွဲနေခြင်းဖြစ်ပြီး နောက်ပိုင်းတွင်မှ ယခုအစိုးရ သက်တမ်းတွင် ရပ်နားထားရန် ညွှန် ကြားခဲ့ခြင်းဖြစ်သည်။ သို့သော် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သမ္မတရုံးဝန်ကြီးဌာနတွင် အစည်းအ ဝေးပြုလုပ်ခဲ့ပြီး ယခု၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း စတင် အကောင်အထည်ဖော်ရန် ပြန် လည်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်ရှိ ၀န်ကြီးဌာနတစ်ခုမှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦး ကပြောသည်။
‘‘ရှိတဲ့အင်အားနဲ့ ဒီဘတ်ဂျက်မှာ စ,သွားမယ်ပေါ့။ အတွင်း ၀န်ခန့်၊ မခန့်ကတော့ ဒီနှစ်မှာ ဖြစ်နိုင်သလို နောက်ဘတ်ဂျက်မှာ လည်းဖြစ်နိုင်ပါတယ်။ စ,မှာကတော့ ဒီဘတ်ဂျက်မှာ သေချာပါတယ်’’ဟု အထက်ပါပုဂ္ဂိုလ်က  ပြောသည်။
လက်ရှိတွင် ၀န်ကြီးဌာနများတွင် ဒုတိယညွှန်ကြားရေးမှူး ချုပ် က ရုံးအဖွဲ့မှူးတာဝန်ယူထား သော ၀န်ကြီးဌာနရုံးများရှိသည်။ နောက်ပိုင်း ယင်းဌာနများတွင် ညွှန်ကြားရေးမှူးချုပ်များအား အတွင်းဝန် ရာထူးများ တိုးမြှင့်ခန့်ထား၍ ဆောင်ရွက်သွားမည်ဖြစ် သည်။
ပါလီမန် အတွင်းဝန်ခေတ်ကို ဖြတ်သန်းခဲ့ဖူးသော ဦးသုဝေ က အတွင်းဝန်ရာထူးမှာ အလွန် အရေးကြီးပြီး ပညာတတ်၍ လုပ်ငန်းအကြောင်းနှံ့စပ်ကျွမ်းကျင်သူ များဖြစ်ရန် လိုအပ်ကြောင်း ပြောကြားထားသည်။
နေပြည်တော်ရှိ အစိုးရ၀န် ကြီးဌာနများကိုလည်း ဖွဲ့စည်းပုံ ပြင်ဆင်မှုများပြုလုပ်ရန် ဆောင် ရွက်နေကြောင်း သတင်းရရှိ သည်။
‘‘တချို့ကို ကျစ်လျစ်အောင် ချုံ့မယ်။ တချို့ဝန်ကြီးဌာနတွေ တော့ ထပ်ပြီးတိုးချဲ့တာရှိမယ်’’ ဟု နေပြည်တော် ၀န်ကြီးဌာန အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တစ်ဦးကပြောသည်။
လက်ရှိအစိုးရအဖွဲ့ လက်ထက်တွင် ၀န်ကြီးဌာန ၃၆ ခုရှိပြီး ပြည်ထောင်စုအဆင့် ၀န်ကြီးပေါင်း တစ်ရာနီးပါးရှိကြောင်း သတင်းရရှိသည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ