Friday, November 21, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ပြည်ခိုင်ဖြိုးပါတီက တင်သွင်းထားသောအချက်အချို့ကို အမျိုးသားဒီမိုကရေစီအင်အားစု ပါတီကိုယ်စားလှယ်ထောက်ခံ


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင် ခံစာအပေါ် ယခုလ၁၈ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ၁၆ဦးဆွေးနွေးခဲ့ကြရာ ပြည်ခိုင်ဖြိုးပါတီက တင်သွင်းသော ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေးဆိုင်ရာ အချက်အချို့ကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ထောက်ခံကြောင်းပြောကြားလိုက်သည်။
ဦးခိုင်မောင်ရည်က “ပြင်ဆင်လိုတဲ့အချက်တွေကို ပြည်ခိုင်ဖြိုးပါတီက တော်တော်များများပြင်ဆင် ထားတာတွေ့ရတယ်။ အဲဒီအချက်တွေကို ကျွန်တော့်အနေနဲ့ သဘောတူထောက်ခံပါတယ်။ အခုပြင်ထားတာထက်ပိုပြီး ပြင်ဆင်လို့မရနိုင်တော့တဲ့အခြေအနေတွေကိုလဲ ပုဒ်မ ၄၃၆မှာပေါ်လွင်နေတာ တွေ့ရတယ်။ ပုဒ်မ ၄၃၆မှာ တပ်မတော်သားကိုယ်စားလှယ်မပါရင် ဘယ်လိုမှရှေ့ဆက်တိုးလို့မရနိုင်ဘူး။ ဒါကြောင့် ဥပဒေပြင်ဆင်ရေးမှာ ဥပဒေရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်တစ်ရပ်တည်းနဲ့မရနိုင်တော့ဘဲ အုပ်ချုပ်ရေးမဏ္ဍိုင်အပြင် တပ်မတော်ကအထူးကဏ္ဍအနေနဲ့ပါဝင်ပြီးလက်တွဲဆောင်ရွက်ရမယ့်အနေ အထားဖြစ်နေတယ် ”ဟု ၄င်းကပြောသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ