Tuesday, November 18, 2014

ကော့တောင်ကျွန်းမှ မြန်မာနှစ်ဦးကိစ္စအတွက် ၀န်ကြီးတစ်ပါးစေလွှတ်မည်ဆိုသည်ကို ဦးရဲထွဋ်ငြင်းဆို


ကော့တောင်ကျွန်းမှ လူသတ်မှုနှင့် စွပ်စွဲခံထားရပြီး ဖမ်းဆီးခံထားရသည့် မြန်မာလူငယ်နှစ်ဦး၏
အရေးကိစ္စအတွက် ပြည်ထောင်စုဝန်အဆင့် ၀န်ကြီးတစ်ပါး စေလွှတ်ရန် နိုင်ငံတော်သမ္မတရုံးက တာဝန်ပေးအပ်ထားသည်ဆိုသည့် ပြောဆိုချက်များကို နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူနှင့်
ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ငြင်းဆိုထားသည်။
လွန်ခဲ့သည့်လများအတွင်း ကော့တောင်ကျွန်းမှ လူသတ်မှုကိစ္စကြောင့် ဖမ်းဆီး၊ စစ်ဆေးခံနေရ
သည့် မြန်မာ လူငယ်နှစ်ဦး၏ အရေးကိစ္စအတွက် များမကြာမီတွင် ပြည်ထောင်စုအဆင့်ဝန်ကြီး
တစ်ပါး စေလွှတ်ရန် နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားထားကြောင်း ရခိုင်တိုင်းရင်းသားရေးရာ
ဝန်ကြီး ဦးဇော်အေးမောင်က သတင်းမီဒီယာတစ်ခု၏ ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေ
ကြားခဲ့သည်။
"ကျွန်တော်တို့က ဘယ်သူလွှတ်ခြင်း၊ မလွှတ်ခြင်းဆိုတာ အရေးမကြီးဘူး။ အဓိကအားဖြင့်
ထိုင်းနိုင်ငံဥပဒေနဲ့အညီ ကျွန်တော်တို့က ဥပဒေရေးရာ အကြံပေးနိုင်အောင်၊ စောင့်ကြည့်နိုင်
အောင် လုပ်ဖို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လက်ရှိ အခြေအနေမှာ သံအမတ်ကြီးဦးဆောင်ပြီးတော့
မှ အစိုးရဘက်ကရော၊ အဲဒီမှာရှိတဲ့ မြန်မာ့အရေး၊ အလုပ်သမား အရေး လုပ်နေတဲ့အဖွဲ့တွေ ပေါင်း
ပြီးတော့ ဥပဒေရေးရာ အကာအကွယ်ပေးနိုင်အောင် လုပ်နေတယ်။ အဲဒါကိုပဲ ကျွန်တော်တို့
ဆောင်ရွက်နေတယ်" ဟု ဦးရဲထွဋ်က မြန်မာတိုင်းမ်သို့ ပြောသည်။
ထို့ပြင် တာဝန်ပေးအပ်သည်ဟုဆိုရာ၌ ထိုင်းနိုင်ငံသို့ သွားရောက်ရန်မလိုအပ်ပဲ မြန်မာနိုင်ငံမှသာ
ညွှန်ကြားခြင်း လည်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ "တာဝန်ပေးတယ်ဆိုတာက ထိုင်းနိုင်ငံ
သွားဖို့ပြောတာမဟုတ်ဘူးလေ။ ဒီကနေပဲ တာဝန်ရှိတဲ့ ၀န်ကြီးတစ်ဦးဦးက ဒီကိစ္စကို ဟိုမှာရှိတဲ့
အဖွဲ့နဲ့ ဆက်သွယ်တာ၊ မေးမြန်းတာလုပ်တာကလည်း ၀န်ကြီးတစ်ပါးကို တာဝန်ပေးတာပဲလေ။
ဝန်ကြီးတစ်ပါးကို တာဝန်ပေးမယ်ဆိုတာက အဲဒီဝန်ကြီးကိုယ်တိုင်က ဟိုတရားရုံးကို သွားပြီးထိုင်
နေရမယ်လို့ပြောတာ မဟုတ်ပါဘူး" ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုင်းရဲတပ်ဖွဲ့က နိုဝင်ဘာလ၂၈ရက်နေ့မတိုင်မီတွင် အမှုပြင်ဆင်ချက်ကို တင်သွင်းရမည်ဖြစ်ပြီး
မြန်မာအလုပ်သမား သံအဖွဲ့နှင့် ထိုင်းနိုင်ငံရှေ့နေများကောင်စီတို့ ပူးပေါင်း၍ တရားခံပြသက်သေ
များအတွက် စတင်ရှာဖွေနေပြီ ဖြစ်သည် ဟု အဆိုပါအမှုကိစ္စကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဦးအောင်မျိုးသန့်က နိုဝင်ဘာလ၁၂ရက်နေ့တွင် မြန်မာတိုင်းမ်
သို့ ပြောသည်။
"မနက်ဖြန်ကစပြီး ကျွန်တော်တို့အဖွဲ့နဲ့ ထိုင်းရှေ့နေများကောင်စီနဲ့ ပူးပေါင်းပြီးတော့ ဆူရက်ဌာနီ
ခရိုင်မှာရှိတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ရဲ့ သူငယ်ချင်းသုံးယောက်ကို တရားရင်ဆိုင်တဲ့
အခါ တရားခံပြသက်သေအဖြစ် ထွက်ဆိုပေးဖို့ ကျွန်တော်တို့က သူတို့ကို စစ်ဆေးမယ်။ သက်
သေအတွက် ကျွန်တော်တို့ စပြီးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နောက် ကော့တောင်ကျွန်းမှာ
မြန်မာ (၁၈)ယောက် ရှိပါသေးတယ်။ သူတို့ကလည်း သက်သေထွက်ဆို မယ့်ကိစ္စနဲ့ပတ်သက်ပြီး
လိုက်ပါကူညီပေးမယ့် ဆန္ဒရှိတယ်လို့လည်း သိရပါတယ်။ ကျွန်တော်တို့ကတော့ သေဒဏ်ထိုက်
တဲ့အမှုတွေကို စစ်ဆေးတဲ့အခါမှာ အစကတည်းက ကောင်းကောင်းနဲ့ ခိုင်ခိုင်လုံလုံဖြစ်စေချင်
တယ်" ဟု ၎င်းကဆိုသည်။
မြန်မာတိုင်းမ်


No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ