ထီပေါက်ပြီး အကြောင်း အမျိုးမျိုးကြောင့် ဆုကြေးငွေလာ မထုတ်သည့် ဘဏ္ဍာသိမ်းပမာဏ မှာ တစ်လအတွင်းမှာတင် ကျပ် သိန်းပေါင်းလေးထောင်ခန့်ရှိခဲ့ကြောင်း အောင်ဘာလေသိန်း ဆုဌာနခွဲ(ရန်ကုန်)မှ သတင်းရရှိ သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ထီဆုမဲပေါင်းနှစ်သောင်းကျော် ဖွင့်လှစ်ခဲ့ပြီး စောင့်ဆိုင်းကာလ တစ်နှစ်ပြည့်သည်အထိ ဆုကြေး ငွေလာရောက်ထုတ်ယူခြင်းမရှိ သော ဆုလက်မှတ်ပေါင်းမှာ နှစ် ထောင်ကျော်ရှိနေခဲ့ပြီး အမြင့်ဆုံး ဆုမဲပါလာရောက်ထုတ်ယူခြင်း မရှိသဖြင့် ဘဏ္ဍာသိမ်းပမာဏ များပြားနေခဲ့ခြင်းဖြစ်သည်။
‘‘တချို့က ထီထိုးပြီး ထီတိုက်ဖို့မေ့နေတတ်ကြတာရှိ သလို တချို့ကျပြန်တော့လည်း ထီလက်မှတ်ပျောက်လို့ လာ မထုတ်နိုင်တာ တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စည်းမျဉ်းအရ တော့ သတ်မှတ်ကာလအတွင်း ထီလက်မှတ်ပြပြီးလာမထုတ်နိုင် ရင်တော့ နိုင်ငံတော်ဘဏ္ဍာအနေ နဲ့ သိမ်းရမှာပါ’’ဟု အောင်ဘာ လေသိန်းဆုဌာနခွဲ(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ပြောသည်။
ဆုငွေများအား နိုဝင်ဘာ ၂၈ ရက်နောက်ဆုံးထားထုတ်ယူ ရန် ထုတ်ပြန်အသိပေးထားပြီး လာရောက်ထုတ်ယူခြင်းမရှိပါက နိုင်ငံဘဏ္ဍာငွေအဖြစ် သိမ်းယူ သွားမည်ဖြစ်သည်။
အောင်ဘာလေသိန်းဆုဌာန အနေဖြင့် ထီရောင်းရငွေ ၆၀ ရာခိုင်နှုန်းကို ဆုကြေးငွေအဖြစ် ဖွင့်လှစ်ထုတ်ပေးနေခြင်းဖြစ်ပြီး လစဉ် ထိုသို့ထီပေါက်မဲဆုငွေလာ ရောက်ထုတ်ယူခြင်းမရှိသောငွေ များကိုလည်း ဘဏ္ဍာငွေတစ်ခု အနေဖြင့် ရှာပေးထားနိုင်သည့် ဌာနတစ်ခုလည်းဖြစ်သည်။ သို့ သော်လည်း လစဉ်ထီပေါက်မဲဆု ငွေလာမထုတ်သည့်ပမာဏမှာ တစ်လနှင့် တစ်လမတူညီကြောင်း လည်း ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘များသောအားဖြင့်တော့ ဆုမဲအသေးတွေလောက်ပဲလာ မထုတ်ကြတာများတယ်။ ပေါက် မဲအသေးကျတော့ အမှုမဲ့အမှတ်မဲ့ ပဲ တိုက်ကြတော့တယ်။ သိပ် အလေးမထားကြဘူး။ ပေါက်မဲ အကြီးတွေကျတော့ ထီလက်မှတ် ပျောက်သွားတဲ့အခါမျိုးလောက် မှသာ တစ်ခါတစ်ရံလောက်မှ မထုတ်နိုင်ကြတာတွေ့ရတယ်’’ ဟု ကျောက်တံတားမြို့နယ်မှ ထီအရောင်းကိုယ်စားလှယ်တစ် ဦးက ပြောသည်။
7Days
No comments:
Post a Comment