Tuesday, November 11, 2014

MPT သုံးစွဲသူများအား ၀န်ဆောင်မှုအသစ်များ ချပေးမည်ဟု ဆို

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းအသုံးပြုသူ များ ရွေးချယ်ခွင့်ရရှိစေမည့် ၀န်ဆောင်မှုပုံစံသစ်များကို မကြာမီချထားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘လူတော်တော်များများက တော့ ဈေးလျှော့ပေးမယ်ဆိုတာ ပဲ ပြောနေကြတယ်။ ဈေးလျှော့ပေးတာထက် သုံးစွဲသူတွေကို ရွေးချယ်ခွင့်ရစေမယ့် Plan အသစ် တွေ ချပေးသွားမယ်ဆိုရင် ပိုမှန်မယ်။ မကြာခင်မှာ စပြီးပေးသွား မှာပါ’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောကြား သည်။
လက်ရှိတွင် မိုဘိုင်းအသုံးပြု သူများကြား၌ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းသည် ဒီဇင်ဘာမှစ ၍   ဖုန်းခေါ်ဆိုခနှုန်းထားများ လျှော့ချပေးသွားမည်ဟု သတင်း များထွက်ပေါ်နေသော်လည်း မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းက အ တည်ပြုခြင်းမရှိဘဲ ရွေးချယ်စရာPlan အသစ်များကိုသာ ချပေး သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

‘‘လက်ရှိ တခြားအော်ပရေ တာတွေ ပေးနေသလိုမျိုး Plan တွေနဲ့ ၀န်ဆောင်မှုပုံစံတွေ ချပေးသွားမှာပါ။ အရင်ကလို ၀န်ဆောင်မှုက ပုံသေကြီးမဟုတ်တော့ပါဘူး။ Plan တွေအများကြီးစီစဉ်ထားပါတယ်။ ဘာတွေပါမလဲဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ပေးသွားမှာပါ’’ဟု ဦးမြင့်သိန်းထွန်းက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် လက်ရှိတွင် ဖုန်း ခေါ်ဆိုခမှာ တစ်မိနစ်လျှင် ၅၀ ကျပ်နှင့် SMS တစ်စောင်လျှင်၁၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိပြီး အသစ်ချပေးသွားမည့် Planအသစ်များတွင်    အဆိုပါဝန် ဆောင်မှုပုံစံမှာ ပြောင်းလဲသွားနိုင် သည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် လက်ရှိအချိန်အထိ ဆင်းမ်ကတ်ပေါင်း ၁၁ သန်းကျော်ရောင်းချပေးထားသည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ