Tuesday, November 18, 2014

လွှတ်တော်အမတ်တွေ လစာ သိန်းဆယ်ဂဏန်းထိတိုးပြီ


ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှ ရွေးကောက်ခံ အမတ်များအပြင် တပ်မတော်သား ကိုယ်စားများ၏ လစာနှင့် ချီးမြှင့်စရိတ်ကို အနည်းဆုံး ၁၀သိန်းမှ အများဆုံး ၁၆သိန်းအထိ တိုးမြှင့်လိုက်ကြောင်း နိုဝင်ဘာ ၁၈ရက်က လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုလိုက်သည်။ ၎င်းတို့၏ မူလ လစာနှင့် ချီးမြှင့်စရိတ်မှာ ကျပ် ၃သိန်း ဖြစ်သည်။


ထို့ပြင် ယင်က ကျပ် ၂သိန်းသာ ရရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမတ်များ၏ လစာနှင့် ချီးမြှင့်စရိတ်ကို အနည်းဆုံး ၅သိန်းမှ အများဆုံး ၁၀သိန်းအထိ တိုးမြှင့်လိုက်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ ဦးစီးအဖွဲ့များ၏ လစာနှင့် ချီးမြှင့်စရိတ်ကိုလည်း အနည်းဆုံး ကျပ် ၂သိန်းမှ အများဆုံး ကျပ် ၅သိန်းသို့ တိုးမြှင့်လိုက်ကြောင်း အတည်ပြုလိုက်သည်။

‪#‎Mizzimadaily‬

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ