Tuesday, November 11, 2014

မန္တလေးဆီဘောက်ဆာ မီးလောင်မှုဖြစ်စဉ်တွင် ဒဏ်ရာရသူများအနက် နှစ်ဦးသေဆုံး

မီးလောင်မှုဖြစ်ပွားခဲ့ရာ အမှတ် (၂) ပင်မ ရေနံသိုလှောင်ဖြန့်ဖြူးရေးဝင်းအတွင်းရှိ ဆီဘောက်ဆာများ (ဓာတ်ပုံ - အေးမွန်ရာပြည့်)
မန္တလေးမြို့ရှိ အမှတ် (၂)ပင်မရေနံသိုလှောင်ဖြန့်ဖြူးရေး ဌာန၀င်းအတွင်း ဖြစ်ပွားခဲ့သည့် ဆီဘောက်ဆာ မီးလောင်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် အမျိုးသားခြောက်ဦးအနက် နှစ်ဦးသေဆုံးသွားကြောင်းသတင်းရရှိသည်။

ယခုလ ၁၀ ရက်က မန္တလေးမြို့ရှိ အမှတ် (၂) ပင်မရေနံ သိုလှောင်ဖြန့်ဖြူးရေးဌာန၀င်းအတွင်း ဓာတ်ဆီဘောက်ဆာ ကားအား ဆီဖြည့်တင်းရာမှ မီးလောင်ကျွမ်းခဲ့သည့်ဖြစ်စဉ်တွင် အသက် (၃၈)နှစ်အရွယ် အမျိုးသားနှင့် (၄၄)နှစ်အရွယ် အမျိုးသားတို့မှာ ဖြစ်စဉ်ဖြစ်ပွားသည့် ညနေနှင့် ယခု ၁၁ရက် နံနက် အစောပိုင်းတွင် မီးလောင်ဒဏ်ရာများဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ သေဆုံးသွားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်သည်။
ကျန်လူနာလေးဦးမှာမူ မီး လောင်ဒဏ်ရာများရရှိသော်လည်း အသက်အန္တရာယ်မစိုးရိမ်ရသည့် အနေအထားတွင်ရှိပြီး ဆေးရုံကြီး ၌ ဆေးကုသမှုဆက်လက် ခံယူနေဆဲဖြစ်ကြောင်း ယင်းရုံး တာဝန်ရှိသူထံမှသိရသည်။
လောင်ကျွမ်းသည့် ကား အတွက် ငွေကျပ်သိန်းသုံးဆယ် နှင့် ဓာတ်ဆီပမာဏကျပ်သိန်း ၈၀ မှ ၁၀၀ အကြားဆုံးရှုံးမှုရှိခဲ့ သည့် ယင်းမီးလောင်ကျွမ်းမှုဖြစ် စဉ်မှ ယာဉ်မောင်းအမျိုးသားနှင့် အမှတ် (၂) ပင်မရေနံသိုလှောင် ဖြန့်ဖြူးရေးဌာနမှ ၀န်ထမ်းအမျိုး သားတစ်ဦးတို့ကို လူသေစေမှု အပါအ၀င် ပြစ်မှုပုဒ်မ ၂၈၅၊ ၃၃၇၊၃၃၈၊၃၀၄(က)တို့ဖြင့် အမှုဖွင့် ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး မှ သတင်းရရှိသည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ