Thursday, November 13, 2014

(Q&A)- အမေရိကန်ကို ရီပို့ကဒ် တင်ဖို့လိုသလား? (DVB TV News)


အခုလက်ရှိ နေပြည်တော်ကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံ
ရဲ့ပြုပြင်ပြောင်းလဲရေးဟာ နောက်ပြန်ဆုတ်သွားတယ်လို့ ပြောဆိုချက်အပေါ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန
အနေနဲ့ အမြင် ဘယ်လိုရှိပါလဲလို့ ဒီဗီဘီက မေးမြန်းခဲ့ပါတယ်။


နိုင်ငံခြားရေး ဒုဝန်ကြီး ဦးသန့်ကျော်က အမေရိကန်နိုင်ငံကို အစီရင်ခံဖို့ ( Report Card) ပေးဖို့လိုလားလို့ ပြန်လည်ဖြေကြားပါတယ်။ အမေရိကန် သမ္မတ အိုဘားမား ပထမ တကြိမ် မြန်မာနိုင်ငံလာတုန်းက ဆွေးနွေးခဲ့တဲ့အချက်တွေက အမေရိကန်ဘက်က အချက်၁၁ချက်
လို့ပြောပြီး မြန်မာကတော့ ၆ချက်လို့ ပြောပါတယ်။ ကျနော်အမြင်ကတော့ အဲဒါတွေရဲ့ ၆၀၊ ၇၀ ရာခိုင်နှူန်းလောက် အကောင်အထည်ဖော် ပြီးနေပါပြီလို့ ဒုဝန်ကြီးက ဆက်ပြောသွားပါတယ်။

BBC ထုတ်လွှင့်ချက်(အသံဖိုင်)ပါ ပြောကြားချက် အပြည့်အစုံ
------------------------------------------------------------------
အရင်တုန်းက Resolution နဲ့ အခု Resolution မတူတော့ဘူး။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံကိုတော့ ဒို့နိုင်ငံရဲ့ နိုင်ငံရေးကိုတော့ သိဖို့လိုတာပေါ့နော်။ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးမှာ ကွန်ဂရက် ရှိတယ်။ အမေရိကန်အစိုးရ ရှိတယ်။ Public Opinion ရှိတာပေါ့နော်။ ထို့အတူပဲ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ Interests ဒါတွေကိုလည်း သိဖို့ လိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မစ္စတာအိုဘားမားအနေနဲ့ (၂)နှစ် အတွင်းမှာ နောက်တစ်ခေါက် ပြန်လာ တယ် ဆိုတာ အထူးပဲ ကျွန်တော်တို့ အနေနဲ့ ကျေနပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး
နိုင်ငံတစ်ခုအနေနဲ့ မြန်မာရဲ့ ကိစ္စတွေမှာ စိတ်ဝင်စားမှု ရှိတယ်။ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ လာတက်တယ် ဆိုတဲ့ဟာမှာ ကျွန်တော်တို့ အထူးပဲ ၀မ်းသာပါတယ်။

မစ္စတာအိုဘားမားရဲ့ အမေရိကန်သမ္မတရဲ့ ခရီးစဉ်ဟာ အဓိကကတော့ East Asia Summit ကို လာတက်တဲ့ ခရီးစဉ်ပါ။ သူလာတဲ့ ဥစ္စာက ပထမတစ်ခေါက်တုန်းက လာတာက Bilateral လာတာပါ။ အခုတစ်ခေါက် လာတာတော့ သူရဲ့အဓိက ကိစ္စက East Asia Summit ကို တက်ဖို့ လာခြင်း ဖြစ်ပါတယ်။

အဲဒီတော့ လာရင်းနဲ့ ဒါ ကျွန်တော်တို့က အိမ်ရှင်လည်း ဖြစ်တဲ့အတွက် အိမ်ရှင်နဲ့ အရင်တုန်းက ပြုလုပ်ထားတဲ့ ဆက်ဆံတဲ့ဟာတွေကို ဆွေးနွေးကြခြင်း ဖြစ်ပါတယ်။ အဲဒီတော့ အိမ်ရှင်အနေနဲ့ သူလာတဲ့ ခရီးစဉ်ကို ကြိုဆိုတယ်။

သူဖြစ်ချင်တာတွေ၊ သူ Engage လုပ်ချင်တာတွေကို လုပ်နိုင်အောင်လည်း ကျွန်တော်တို့က စိတ်အားထက်သန်စွာနဲ့ အကူအညီပေးပါတယ်။ ပြီးခဲ့တဲ့အခေါက်တုန်းက သူတို့ဘက်က ပြောတာတော့ အချက်(၁၁)ချက် လို့ ပြောတာပေါ့လေ။ ဒါပေမယ့်လို့ ကျွန်တော်တို့ တရားဝင် ထုတ်ထားတဲ့အထဲမှာတော့ အချက်(၆)ချက်ပဲ ပါပါတယ်။ ဒီ(၆)ချက်ကို ခွဲထုတ်လိုက်ရင်တော့ (၁၁) ချက်ဖြစ်သွားတယ်လို့ ကျွန်တော်တို့ တွက်ကြည့်ရပါတယ်။

ဒီ (၁၁)ချက်မှာ ကျွန်တော်တို့က သူတို့ကို ရီပို့ကဒ် (Report Card) ပေးဖို့ လိုသလား။ ကျွန်တော်တို့က ဒီ(၁၁)ချက်ကို ကြေညာတယ် ဆိုတာ နှစ်ဦးနှစ်ဘက် ထိုင်ပြီးတော့ ကျွန်တော်တို့ ဘာလုပ်ပါမယ် လို့ ကြေညာခဲ့တာ မဟုတ်ပါဘူး။

ကျွန်တော်တို့က ကျွန်တော်တို့ ဆန္ဒအလျောက် ကျွန်တော်တို့က ဒီ(၆)ချက်ကို ပြုလုပ်ပါမယ် ဆိုပြီး ကြေညာထားတာ ဖြစ်ပါတယ်။ကိုယ့်ဆန္ဒအလျောက် ကြေညာတဲ့အတွက် ကိုယ့်ရဲ့နှုန်းပေါ့နော်၊ ကိုယ်လုပ်နိုင်တဲ့နှုန်းအတိုင်း ကိုယ်သွားဖို့တော့ လိုတာပေါ့လေ။ အဲဒါကတော့ ကျွန်တော်တို့လည်း ကြိုးစားနေပါတယ်။

ကျွန်တော်တို့ ကြေညာခဲ့တဲ့အရာတွေကို ကျွန်တော်တို့ ရအောင်၊ မရပ်ပါဘူး။ ကြေညာခဲ့တာ အတော်များများလည်း ကျွန်တော်တို့ ဖြည့်ဆည်းပေးတာတွေ ရှိတယ်။ တစ်ချို့ဟာတွေကလည်း
သေချာ လေ့လာပြီးတော့ စနစ်တကျနဲ့ Response လုပ်ဖို့တွေ ရှိပါတယ်။ အဲဒီတော့ အခြေအနေအရ ပြောရရင် မြန်မာနိုင်ငံရဲ့ တိုးတက်မှုအပေါ်မှာ သူတို့ ကျေနပ်ပါတယ်။

[BBC ထုတ်လွှင့်ချက် အသံဖိုင် https://soundcloud.com/bbcburmese/xzmlvaojop5u]
သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း (DVB TV News)

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ