Tuesday, November 18, 2014

ထိုင်းနိုင်ငံတွင် စစ်ရဟတ်ယာဉ် ပျက်ကျ တပ်ဖွဲ့ဝင်(၉) ဦးသေဆုံး



ဘန်ကောက်၊ နိုဝင်ဘာ ၁၈။ ထိုင်းနိုင်ငံ၊ မြောက်ပိုင်း ဖာယောက်ပြည်နယ် မူအန်ခရိုင်တွင် နိုဝင်ဘာ
၁၇ရက်ညနေက Bell 212 စစ်ရဟတ်ယာဉ် တစ်စင်းပျက်ကျခဲ့ရာထိပ်တန်းအရာရှိများ
အပါအ၀င်ယာဉ်ပေါ်လိုက်ပါလာသူတပ်ဖွဲ့ဝင်ကိုးဦးစလုံးသေဆုံးခဲ့သည်။
ရဟတ်ယာဉ်ပေါ် လိုက်သူများထဲတွင် အမှတ်၃ စစ်ဒေသ ဒု-တပ်မှူး ဗိုလ်ချုပ် ဆောင်ဖိုလ်သောင်ဂျီးန်လည်း ပါဝင်သည်။ရဟတ်ယာဉ်သည် ဖာယောက်ပြည်နယ်ရှိ ခွန်ချူယန်သမ်မစ်ကာရတ်စခန်းမှချင်းရိုင်ရှိစစ်စခန်းသို့ သွားရာက်ရန်ပျံတက်ပြီး ၁၀ မိနစ်ခန့် အကြာတွင် ပျက်ကျ ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းဘုရင့်တပ်မတော် ဒုပြောရေးဆိုခွင့်ရှိ အမျိုးသမီး ဗိုလ်မှူးကြီး ဆီရီဂျန်ငါသောင်က ဘန်ကောက်မြို့တွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင်ပြောကြား ခဲ့သည်။

ပျံတက်ရာ စခန်းမှအနည်းငယ်ကွာဝေးသော သာဝန်သောင် ကျေးရွာအနီး ရာဘာစိုက်ခင်းတွင် မီးလောင်နေသော အဆိုပါ ရဟတ်ယဉ်ကို ရွာသားများကတွေ့ရှိခဲ့ခြင်းဖြစ်သည်။ဒေသဆိုင်တော်ချိန် ညနေ၅နာရီမိနစ်၃၀အချိန်တွင်ပျက်ကျခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသူကိုဦးမှာ ဗိုလ်ချုပ်ဆောင်ဖိုလ်၊ ဗိုလ်မှူးကြီး ကစ်တီဆူဝမ်ချာရီအွန်၊ ဗိုလ်မှူးကြီး ယွတ်တာ ဖောင်ဖွန်ဖန်း၊ ဒုတိယ ဗိုလ်မှူးကြီး ၀တ်တီဆက်ဆွန်း သောန်ဆွတ်၊ စက်ပြင် (SM 1) အာနန်ချွမ်ချန်ခမ်၊ ဒုတိယ ဗိုလ်မှူးကြီး မာနစ်ဆူရာဆယ်နာ(လေယာဉ်မှူး)၊ ဗိုလ်ကြီး ၀ိုရာဖောင်ချန်ဆာလက် (တွဲဖက် လေယာဉ်မှူး)၊ SM 1 ဆွမ်ဖော့ (အင်ဂျင်နီယာ) နှင့် SM 1 အေဖီရွန် (အင်ဂျင်နီယာ)တို့ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်ဖြစ်ပွားပြီး မကြာမီ ဖာယောက် စစ်တပ်ခရိုင်နှင့် အမှတ် ၁၇ ခြေလျင် တပ်ရင်းမှ စစ်သားများကို ဖြစ်ရပ် ဖြစ်ပွား သည့် နေရာ သို့ စေလွှတ် ခဲ့ပြီး ပိုက်စိတ်တိုက် ရှာဖွေခဲ့ရာ သေဆုံးသူ ရုပ်အလောင်း ၆ လောင်းကို ကနဦး ရှာဖွေ တွေ့ ရှိခဲ့ပြီး ကျန်အလောင်း များကို ဆက်လက်ရှာဖွေလျက် ရှိသည်။

Ref: Bangkok Post
 

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ