ဆစ်ဒနီ၊ နိုဝင်ဘာ ၆
မလေးရှားလေယာဉ် MH 17 ယူကရိန်းဝေဟင်၌ ပစ်ချခံခဲ့ရရာတွင်
ခရီးသည်များသေဆုံးခဲ့သည်။ ထိုသေ ဆုံးခရီးသည်များတွင် သြစတြေးလျ
နိုင်ငံသားများလည်းပါဝင်သည်။ ထိုသေဆုံးသြစတြေးလျခရီးသည်များ
အရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေး ရမည့်အခြေအနေကို ရုရှားသမ္မတ
ဗလာဒီမာပူတင်အနေဖြင့် ရှောင်လွှဲ ၍ရမည်မဟုတ်ဟု သြစတြေးလျ
ဝန်ကြီးချုပ်တိုနီအက်ဘော့က နိုဝင် ဘာ ၅ရက်၌ သတိပေးလိုက်သည်။
နောက်လာမည့်သီတင်းပတ်၌ ဘရစ္စဘိန်းတွင် ကျင်းပမည့်ွ ၂ဝ ထိပ်သီးအစည်းအဝေးတွင် ထိပ်တိုက် ရင်ဆိုင်မည်ဟု (Shirtfront) ဟု အက် ဘော့က လွန်ခဲ့သောလ၌ အဓိဋ္ဌာန် ပြုလိုက်သည်။
သို့ပင်ဖြစ်သော်လည်း နှစ်ဦးနှစ်ဖက်အပြန်အလှန်တွေ့ဆုံ ရေး အက်ဘော့၏ မေတ္တာရပ်ခံချက် ကို ရုရှားကတုံ့ပြန်ခြင်းပင် မပြုသေး ချေ။
ဂျူဒိုအတတ်ပညာတွင် ခါးပတ် နက်ရထားသည့် ပူတင်သည် တည် ကြည်လေးနက်သောနိုင်ငံရေးသမား ဖြစ်ရာ စကားလုံးဝေါဟာရကိုသတိ ဖြင့် ရွေးချယ်ပြောကြားပေလိမ့်မည် ဟု ရုရှားဝန်ကြီးချုပ်ဒမီထရီမက်ဗီ ဒက်ဗ်က တုံ့ပြန်လိုက်သည်။
Shirtfronting ဆိုသော ဝေါ ဟာရမှာ သြစတြေးလျဘောလုံးစည်း မျဉ်းဥပဒေဖြစ်သည်။ ပြိုက်ဘက်ကို ရုတ်တရက်တစ်ဟုန်းထိုး တိုက်ခိုက် ခြင်းဖြစ်သည်။
''ပူတင်ဟာ MH 17 လေယာဉ် ပစ်ချခံရတာမှာ သေဆုံးသွားတဲ့သြစ တြေးလျနိုင်ငံသားတွေအရေးဆွေးနွေး ဖို့ကို ရှောင်လို့မရဘူး။ တစ်နည်းမ ဟုတ်တစ်နည်းနဲ့ရင်ဆိုင်ရမှာပဲ''ဟု အက်ဘော့က သြစတြေးလျသတင်း စာသို့ ပြောပြသည်။
Ref: AFP
#Democracytoday

No comments:
Post a Comment