Tuesday, November 4, 2014

ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂျာမနီတွင် သွားရောက်လေ့ကျင့်မည် ဖြစ်သော်လည်း ဂျာမနီယူ-၂ဝနှင့် ခြေစမ်းခွင့်ရရန်မလွယ်ကူ



ရန်ကုန်၊ နိုဝင်ဘာ ၃
ဂျာမနီတွင် ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိထားသည့် မြန်မာ အသင်းသည် ဂျာမနီသို့ သွားရောက် လေ့ကျင့်မည်ဖြစ်သော်လည်း ဂျာမနီ ယူ-၂ဝအသင်းနှင့် ခြေစမ်းခွင့်ရရှိရန် မလွယ်ကူကြောင်း မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်မှ သိရသည်။
ယူ-၂ဝကမ္ဘာ့ဖလားပြိုင်ပွဲအ တွက် မြန်မာအသင်းသည် ၂ဝ၁၅ မတ်လအတွင်း ဂျာမနီနိုင်ငံသို့တစ် လကြာသွားရောက်လေ့ကျင့်ရန်စီ စဉ်ထားပြီး ခြေစမ်းပွဲများ ကစားမည် ဖြစ်သော်လည်း ဥရောပဇုန်မှခြေစစ် ပွဲအောင်မြင်ထားသည့် ဂျာမနီယူ-၂ဝ အသင်းနှင့်ခြေစမ်းပွဲကစားရန်မှာ ဖြစ် မြောက်နိုင်ဖွယ်မရှိပေ။
ထို့အပြင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌကလည်း ကမ္ဘာ့ဖလား ဝင်ရောက်ယှဉ်ပြိုင်ဖူးသည့် အဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့်တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း ဂျပန်၊ ဂျာမနီအစရှိ သည့် အသင်းများသည် ကမ္ဘာ့ဖလား ဝင်ရောက်ယှဉ်ပြိုင်ဖူးသည့် အတွေ့ အကြုံရှိသည့် အသင်းများဖြစ်သည့် အတွက် ယင်းနိုင်ငံများ၏ ပြင်ဆင်မှု အတိုင်း အနီးစပ်ဆုံးပြင်ဆင်ကာ ယူ-၂ဝကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်းပြောကြား ထားသည်။
ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိ သူက''ဂျာမနီမှာ သွားရောက်လေ့ကျင့် မှာဖြစ်ပေမယ့် ဂျာမနီယူ-၂ဝ အသင်း နှင့်ခြေစမ်းပွဲကစားခွင့်ရဖို့က မလွယ် ကူပါဘူး။ အခြားကလပ်အသင်းတွေ နဲ့ပဲ ခြေစမ်းပွဲကစားဖြစ်ဖို့များပါတယ်'' ဟုဆိုသည်။
ယူ-၂ဝကမ္ဘာ့ဖလားပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် မြန်မာယူ-၁၉ အသင်းသည် ကျင်းပပြီး ခဲ့သည့် အာရှယူ-၁၉ချန်ပီယံရှစ်ပြိုင် ပွဲတွင် အာရှအဆင့်ကစားသမား ၁၆ ဦးကို အမာခံထားကာ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ကစားသမား အင်အားနည်းပါးခဲ့သော်လည်း ပူး တွဲတတိယရရှိခဲ့သည့် အသင်းဖြစ်ပြီး မြန်မာယူ-၁၉ အသင်းသည် ယင်း ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် ခုနစ်လ နီးပါးအတွင်း ပြည်ပလေ့ကျင့်ရေး ခရီးစဉ်များ၊ နိုင်ငံတကာခြေစမ်းပွဲ များ ယှဉ်ပြိုင်ကစားသွားမည်ဖြစ် ကြောင်း သိရသည်။
‪#‎Democracytoday‬

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ