Friday, September 5, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့အား Hanns-Seidel Foundation ဥက္ကဋ္ဌ က နေ့လယ်စာ စားပွဲဖြင့် တည်ခင်း ဧည့်ခံ

 
ဘာလင် စက်တင်ဘာ ၎
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် စက်တင်ဘာ ၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် ဘာလင်မြို့ရှိ Bayerische Landesvertretung ၌ ဂျာမနီနိုင်ငံ ဟန်ဆိုင်ဒယ်ဖောင်ဒေးရှင်း (Hanns-Seidel Foundation) ဥက္ကဋ္ဌ ပရော်ဖက်ဆာ Ursual Maennel က တည်ခင်း ဧည့်ခံသည့် နေ့လယ်စာစားပွဲ အခမ်းအနားသို့ တက်ရောက်သည်။

နေ့လယ်စာစားပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သမ္မတရုံး

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ