ယခုအချိန်ထိ ပြည်တွင်းငြိမ်းချမ်းရေးတစ်ခုမှမလုပ်နိုင်၊ကမ္ဘာ့ငြိမ်းချမ်းရေးအနားမကပ်နိုင်သည့် ဒေါ်အောင်ဆန်းစုကြည်၏
အရည်အချင်းမရှိပဲ ရရှိထားသော နိုဘယ်ဆုအား ပြန်လည်ရုတ်သိမ်းရန်
အင်ဒိုနီးရှားနိုင်ငံတွင် မနေ့က ဆန္ဒပြခဲ့ကြသည်။
.ဒေါ်အောင်ဆန်းစုကြည်
အကျယ်ချုပ်ကျခံရစဉ်က အကျယ်ချုပ်မှလွတ်မြောက်ရေး ဆန္ဒမှုအချို့ရှိခဲ့သော် လည်း
ယခု အကျယ်ချုပ်မှ လွတ်မြောက်ပြီး ၃ နှစ် အတွင်း
မည်သည့်ငြိမ်းချမ်းရေး တစ်ခုမှ လုပ်ဆောင် နိုင်သည့်အရည်အချင်းမရှိမှုကြောင့်
အသုံးမကျပဲရရှိ ထားသော နိုဘယ်ဆုအား ပြန်ရုတ်သိမ်းရေးအတွက်
ကမ္ဘာအနှံ့အပြားတွင် ဆန္ဒပြပွဲများ ဆက်တိုက်ပြုလုပ်ခဲ့ကြသည်။
ယနေ့ မြန်မာနိုင်ငံတွင်တိုင်းရင်းသားလက်နက်ကိုင်၁၁ဖွဲ့နှင့်ငြိမ်းချမ်းရေးရှိထားသော်လည်း ဒေါ်အောင်ဆန်းစုကြည် ၏ လုပ်ဆောင်မှုတစ်ခုမှမပါဝင်ခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်မှ အစိုးရမှ မကမ်းလှမ်းသဖြင့် မပါရကြောင်း တဖွဖွအော်နေခဲ့သဖြင့် အစိုးရမှ လက်ပံတောင်းတောင်ပြဿနာအား ဖြေရှင်းရန်ကမ်းလှမ်းခဲ့ရာအခုချိန်ထိ ပြဿနာ မပြေလည်သည့် အပြင် ပိုမိုဆိုးရွားလျှက်ရှိသဖြင့် လူထုက စိတ်ပျက်လျှက်ရှိသည်။အခုချိန် မှာ ပြည်သူလူထုယုံကြည် အားထားမှုရရှိ ဖို့ ပြည်သူလူထု အတွက် လိုအပ်ချက် ကိုကူညီဖြည့်ဆည်းပေး ဖို့ နိုင်ငံတကာ မှာ မြန်မာနိုင်ငံ မျက်နှာမငယ်ရ အောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်ဖို့ စသဖြင့်ပေါ့။ လိုအပ်ချက်တွေကို အတတ်နိုင် ဆုံးဖြည့် ဆည်းပေးရမှာပါ။ပြည်သူလူထုက ယုံကြည်လို့အပ်နှင်းထား တဲ့ ပြည်သူ့ ခေါင်းဆောင်ဆိုပေမယ့် မြန်မာနိုင်ငံအတွက်ဘာမှလုပ်ဆောင်မှုမပေးခဲပါဘူး။
ဒေါ်အောင်ဆန်းစုကြည် သည် ပြည်တွင်းငြိမ်းရေးဆွေးနွေးဖို့ သူ စိတ်မစားပါ၊ သူမ သမ္မတဖြစ်ရေးကို သာစိတ်ဝင်စားပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ေ၇းကို သာ စိတ်ဝင်စားပြီး နေရာတိုင်းမှာဟောပြောပွဲတွေပြု လုပ်ကျင်းပလျှက်ရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည်
ရခိုင်ပဋိပက္ခဖြစ်ချိန်က ဥရောပသို့ထွက်ခွာခဲ့ပြီး၊ မိတ္ထီလာ ကယ်ဆယ်ရေး ကာလတွင်
ဂျပန်နိုင်ငံသို့ထွက်ခွာ ခဲ့သည့်အပြင် ဥက္ကံပဋိပက္ခဖြစ်ပွားချိန်တွင်
မွန်ဂိုလီးယား၌ ရှိနေခဲ့သည်။
ပြဿနာကို
ဝင်ရောက်ဖြေရှင်းနိုင်သည့် အရည်အချင်းမရှိသည့်အပြင် ပြဿနာဖြစ်တိုင်း
ခေါင်းရှောင်နေတတ်သည့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား
ထိုင်းနိုင်ငံတွင် ပြီးခဲ့တဲ့လအတွင်းက မီးရှို့ဆန္ဒပြခဲ့ပြီး ယခု
အင်ဒိုနီးရှားတွင် ဆန္ဒပြလျှက်ရှိကာ မြန်မာနိုင်ငံတွင်းတွင်လည်း ဆန္ဒပြရန်
စီစဉ်လျှက်ရှိကြောင်း သတင်း ရရှိသည်။
MyanmarExpress
No comments:
Post a Comment