ဓမ္မစေတီခေါင်းလောင်း တွေ့ရှိပြီဟု ကြေညာပြီးနောက် ဆယ်ရက်မြောက်နေ့အထိ ကုန်းပေါ်သို့ ဆယ်ယူကာ သက်သေမပြနိုင်သေး၍ တစ်နေ့ထက်တစ်နေ့ယုံကြည်မှု လျော့နည်းလာကြောင်း သတင်းရရှိသည်။
နေ့စဉ်လူထောင်ကျော်ခန့် လာရောက်ကြည့်ရှုသော အေးရှားပွိုင့်ဘိုးလင်းစင်တာကမ်းစပ်တွင် ယခုရက်ပိုင်း၌ လူဆယ်ဂဏန်းခန့်သာ လာရောက်ကြည့်ရှုကြတော့ကြောင်း သမ္ဗန်စက်လှေသမား များထံမှသိရသည်။
‘‘လူတော်တော်ရှင်းသွား တာ လေးရက်လောက်ရှိပြီ။ ဘာ မှထူးခြားမှုမရှိတော့ဘူး။ သွား ကြည့်တဲ့သူတွေက ဘာမှထူးခြား တာလည်း မမြင်ရတော့ ယုံကြည် မှုလျော့လာကြတယ်’’ဟု သမ္ဗန် ဂိတ်မှူး ဦးဇင်ဘိုကဆိုသည်။
ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန် ကြိုးပမ်းမှုမှာ ၂၇ ရက်ရှိပြီဖြစ်ပြီး ယခင်က သမ္ဗန်လှေ အစီး ၃၀ ခန့်ထွက်ရသော်လည်း ယနေ့ကမ်းကပ်ထားသော သမ္ဗန်လှေငါးစီးတွင် သုံးစီးသာဈေးဦး ပေါက်သေးကြောင်း သတင်းရ ရှိသည်။
ရှာဖွေရေးအဖွဲ့က မည် သည့်အနက်တွင်တွေ့ရှိပြီး နေ့ စဉ်တိုးတက်မှုပြောရမည့်အစား လျှို့ဝှက်ချက်များဖြင့် ပြုလုပ်နေ ၍ လူများယုံကြည်မှုလျော့ကျလာခြင်းဖြစ်ကြောင်း မွန်သမိုင်းသု တေသနအသင်းတွဲဖက်အတွင်းရေးမှူး နိုင်ရဲဇော်ကပြောသည်။
ယခုရှာဖွေနေသော ဓမ္မ စေတီခေါင်းလောင်းကြီး၏ လုပ် ငန်းစဉ် မှန်၊ မမှန်နှင့် ပြည်သူများ သို့လောသို့လော ဖြစ်နေသည့် ကိစ္စကို အစိုးရက ဖြေရှင်းပေးရ မည့်တာဝန်ရှိကြောင်း ၎င်းကဆို သည်။
နှစ်ပေါင်း ၄၀၀ ကျော် ရေ အောက်တွင် နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်းကြီးကို ပလတ်စတစ်နှာခေါင်းစွပ်နှင့် အောက် ဆီဂျင်ပိုက်ငယ်များသာပါသော ရေငုပ်သမားများက တွေ့ရှိထားပြီဟု အဖွဲ့ခေါင်းဆောင်က ကြေညာဟု CNA(Channel News Asia) သတင်းတွင် ပြောင်ချော်ချော်ထေ့ ငေါ့ဖော်ပြခဲ့သည်။
7Day
No comments:
Post a Comment