Thursday, January 22, 2015

စင်ကာပူဆီးဂိမ်းတွင် အားကစားနည်း ၃၁ မျိုး မြန်မာယှဉ်ပြိုင်မည်


စင်ကာပူနိုင်ငံက လက်ခံကျင်းပ မည့် (၂၈)ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် မြန်မာနိုင်ငံမှ အား ကစားနည်း ၃၁ မျိုးဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
လာမည့် ဇွန်လအတွင်း ကျင်းပမည့် စင်ကာပူဆီးဂိမ်းတွင် အားကစားနည်း ၅၆ မျိုးထည့်သွင်း ကျင်းပမည်ဖြစ်ပြီး မြန်မာအားကစားအဖွဲ့မှ အားကစားနည်း ၃၁ မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသောင်းထိုက်က အတည်ပြုပြောကြားသည်။
 ‘‘စင်ကာပူဆီးဂိမ်းမှာ အား ကစားနည်း ၃၆ မျိုးထည့်သွင်း ကျင်းပမှာဖြစ်ပြီး မြန်မာအား ကစားအဖွဲ့အနေနဲ့ ၃၁ မျိုး ဝင် ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အားကစားသမားအရေအတွက် သုံးရာကျော်ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်’’ဟု အားကစား ဝန်ကြီးဌာနဒုတိယဝန်ကြီးက ဇန်န ဝါရီ ၁၈ ရက်တွင်ပြောသည်။
မြန်မာအားကစားအဖွဲ့သည် လာမည့်စင်ကာပူဆီးဂိမ်းတွင် ရေကူး/ဒိုင်ဗင်၊ မြားပစ်၊ ပြေးခုန် ပစ်၊ ကြက်တောင်၊ ဘတ်စကက် ဘော၊ ဘိလိယက်/စနူကာ၊ ဘိုး လင်း၊ လက်ဝှေ့၊ ကနူး/ကယက်၊ စက်ဘီး၊ မြင်းစီး၊ ဓားခုတ်၊ ဘော လုံး၊ ဂေါက်သီး၊ ကျွမ်းဘား၊ ဟော် ကီ၊ ဂျူဒို၊ နက်ဘော၊ ပီတန်း၊ ရိုးရာလှေ၊ ရွက်လှေ၊ ပိုက်ကျော်ခြင်း၊သေနတ်ပစ်၊ Squash၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ သုံးမျိုးစုံ၊ ဘော်လီဘောနှင့်ဝူရှူးစသည့်အား ကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အားကစားနည်း ၃၃ မျိုး ထည့်သွင်းကျင်းပခဲ့သည့် ၂၀၁၃ မြန်မာဆီးဂိမ်းပြိုင်ပွဲတွင် အိမ်ရှင် နိုင်ငံအနေဖြင့် ရွှေတံဆိပ် ၈၄ခု၊ ငွေတံဆိပ် ၆၂ ခု၊ ကြေးတံဆိပ် ၈၅ ခုရရှိကာ နိုင်ငံအလိုက် အဆင့်ရပ်တည်မှုဒုတိယနေရာ တွင် ရပ်တည်နိုင်ခဲ့သည်။
သို့သော် စင်ကာပူဆီးဂိမ်း တွင် မြန်မာနိုင်ငံနှင့် ရင်းနှီးမှုမရှိ သည့် အားကစားနည်းအချို့ပါဝင် လာမှုကြောင့် ရွှေတံဆိပ်မျှော်လင့် ချက်အရေအတွက်ကို မပြောနိုင် သော်လည်း အကောင်းဆုံးဝင် ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးစား သွားမည်ဖြစ်ကြောင်း ဦးသောင်း ထိုက်ကဆိုသည်။
၂၀၁၃ မြန်မာဆီးဂိမ်းတွင်ပါ ဝင်ခဲ့သည့် အားကစားနည်းအများ စုမပါဝင်လာခြင်း၊ မြန်မာလူမျိုး များနှင့် ရင်းနှီးမှုမရှိသည့် အား ကစားအချို့ပါဝင်လာခြင်းတို့ ကြောင့် ၂၀၁၅ စင်ကာပူဆီးဂိမ်း တွင် မြန်မာအားကစားအဖွဲ့အနေ ဖြင့် အိမ်ရှင်ဆီးဂိမ်းတွင်ရရှိထား သည့်အဆင့်ရပ်တည်မှုထက်အဆင့်များကျဆင်းသွားနိုင်ကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းကလည်း ပြောကြားထားသည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ