Wednesday, January 7, 2015

တောင်ငူက ချမ်းမြေ့ဧည်ဂေဟာ ဗုံးပေါက်ကွဲမှုဖြင့် စောထွန်းထွန်းကိုသေဒဏ်ချမှတ်


ဇန်န၀ါရီလ ၈ ရက်၊ ၂၀၁၅

တောင်ငူက ချမ်းမြေ့ဧည်ဂေဟာ ဗုံးပေါက်ကွဲမှုနဲ့ တရားစွဲဆိုခံထားရတဲ့ စောထွန်းထွန်း
ကို ပြစ်မှုထင်ရှားတဲ့အတွက် ခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ချမ်းမြေ့ဧည့်ဂေဟာမှာ ဗုံးပေါက်ကွဲမှု၊ လူသတ်မှုတို့နဲ့ တရားစွဲဆိုခံထားရတဲ့ စောထွန်းထွန်းကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် ဇန်န၀ါရီလ ၇ ရက်နေ့က ပုဒ်မ ၃၀၂ ၁/ခ အရ မသေမချင်း လည်ပင်းကြိုးစွပ်သတ်စေဖို့ တောင်ငူခရိုင် တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

သေဒဏ်အမိန့်ကို အတည်ပြုနိုင်ဖို့အတွက် ပြည်ထောင်စု လွှတ်တော်ချုပ်ကို ၇ ရက်အတွင်း အတည်ပြုမိန့် တောင်းခံသွားရမှာ ဖြစ်ပြီး စောထွန်းထွန်း အနေနဲ့လည်း ရက်အတွင်း အယူခံဝင်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သူ့ကို ဥပဒေပုဒ်မ ၃၂၆ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ် ကျခံစေဖို့နဲ့ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် ၂ နှစ် ထပ်မံကျခံစေဖို့ တောင်ငူခရိုင် ဒုတိယခရိုင်တရားသူကြီး ၂ က အမိန့်ချမှတ်ခဲ့ပါသေးတယ်။

တောင်ငူမြို့ ချမ်းမြေ့ဧည့်ဂေဟာဗုံးပေါက်ကွဲမှုနဲ့ စောထွန်းထွန်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ကလည်း ဒုခရိုင်တရားရုံး ၂ က ၁၉၈၀ ခုနှစ် ပေါက်ကွဲစေတတ်တဲ့ အက်ဥပဒေ ၃ နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရပြီး ဖြစ်ပါတယ်။

၂၀၁၃ အောက်တိုဘာလ ၁၁ ရက်နေ့ညက ချမ်းမြေ့ဧည့်ဂေဟာ ဗုံးပေါက်ကွဲမှုကြောင့် မီးရထားရဲတပ်သား ၁ ဦးအပါအ၀င် လူ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

DVB TV News

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ