Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Monday, January 5, 2015
နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင်၁၂ဖွဲ့ ယနေ့တွေ့ဆုံမည်
ရန်ကုန်၊ ဇန်နဝါရီ ၎
(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက်လာသော တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ ယနေ့ (ဇန်နဝါရီလ ၅ ရက်) နေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
ယင်းဆွေးနွေးပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေး နိုင်ငံရေးဆွေးနွေးပွဲများ ဖော်ထုတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေး စသည့် ကိစ္စများကို အခြေခံကာ ဆွေးနွေးမှုများကို
ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“တွေ့ဖို့ကို ပြောထားတာပဲ ရှိသေးတယ်။ ဘယ်မှာတွေ့ရမယ် ဆိုတာ မသိသေးဘူး။ လက်နက်ကိုင်အဖွဲ့ အချင်းချင်းကတော့ ဆွေးနွေးဖို့ အကြောင်းအရာကို ညှိနှိုင်းပြီးပါပြီ။ အဖွဲ့ခေါင်းဆောင် အနေနဲ့ အားလုံးကိုယ်စား ကေအန်ယူက မူတူးဆေးဖိုး ဦးဆောင်ပြီး ဆွေးနွေးမယ်။ လိုအပ်မှ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့တွေထဲက တစ်ချက်နှစ်ချက်လောက် ဆွေးနွေးမယ်” ဟု ၎င်းကရှင်းပြသည်။
နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံ ဆွေးနွေးပြီးပါက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဆက်လက်တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင်များက ဆိုသည်။
သို့သော် တပ်မတော်သို့ ဆက်သွယ်မေးမြန်းရာတွင်မူ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံရန် ရှိမရှိကို အတိအကျပြော၍ မရသေးကြောင်းသာ ပြန်လည်ပြောဆိုသည်။
အဆိုပါ လွတ်လပ်ရေးနေ့ ဗိုလ်ရူသဘင် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ကြားသည့်အတွက် တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှု ပိုမိုမြင့်တက်လာကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။
ယင်းသို့ တွေ့ဆုံမှုသည် နှစ်ပေါင်း (၆၀) ပြည်တွင်းစစ်ကာလ တစ်လျှောက် နိုင်ငံတော် ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများဆုံး ပါဝင်သည့် ပထမဦးဆုံး တွေ့ဆုံမှုလည်း ဖြစ်သည်။
အဆိုပါ (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက်ရန် အပစ်အခတ်ရပ်စဲထားခြင်း မရှိသည့် KIO/KIA အဖွဲ့နှင့် တအောင်းလွတ်မြောက်ရေးတပ် (TNLA) တို့ကို နိုင်ငံတော်သမ္မတက ဖိတ်ကြားခဲ့သော်လည်း အဆိုပါ အဖွဲ့အစည်းများက တက်ရောက်ခြင်း မရှိပေ။
၂၀၁၄ ဒီဇင်ဘာလအတွင်း မြန်မာ့ငြိမ်းချမ်းရေး စင်တာတွင် ပြုလုပ်ခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ အလွှတ်သဘော တွေ့ဆုံပွဲတွင် NCCT က လာမည့် ဖေဖော်ဝါရီလအတွင်း ကျရောက်မည့် ပြည်ထောင်စုနေ့တွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် တောင်းဆိုထားသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် လက်မှတ်ရေးမည် ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် စတင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောဆိုထားသည်။
The Voice
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment