Sunday, January 18, 2015

စားသုးရန်မသင့်အစားအသောက်(၄)မျိုးကျန်းမာရေးဌာနထပ်မံထုတ်ပြန်


ဇန်န၀ါရီလ ၁၈ ရက်၊ ၂၀၁၅

ဈေးကွက်အတွင်း ရောင်းချနေသော စားသောက်ကုန်များအား စစ်ဆေးရာမှ အစားအသောက် (၄) မျိုးမှာ ခွင့်ပြုမထားသည့် ဆိုးဆေးသုံးစွဲထားခြင်းနှင့် အမှတ်တံဆိပ်ဖော်ပြချက် မပြည့်စုံခြင်းကြောင့် စားသုံးရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်ကြေငြာလိုက်သည်။


စားသုံးရန်မသင့်ဟု ထုတ်ပြန်လိုက်သည့် အစားအစာ (၄) မျိုးမှာ Miki-ko အမှတ်တံဆိပ်ပါ တရုတ်ဆီးသီး၊ တွင်ကျယ် အမှတ်တံဆိပ်ပါ သစ်သီးယိုစုံ၊ Sikoz အမှတ်တံဆိပ်ပါ အာဖျန်းအချိုရည်နှင့် တရုတ်စာသားဖြင့် ဖော်ပြထားသော အာဖျန်းအချိုရည်တို့ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် စားသုံးရန်မသင့်ကြောင်း ကြေငြာလိုက်သည့် တရုတ် ဆီးသီးနှင့် သစ်သီးယိုစုံတို့မှာ ခွင့်မပြုဆိုးဆေးများသုံးစွဲထားပြီး အာဖျန်း အချိုရည်နှစ်မျိုးမှာ အမှတ်တံဆိပ်ဖော်ပြချက် ပြည့်စုံခြင်းမရှိခြင်းကြောင့်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ကြေငြာချက်တွင် ပါရှိသည်။

အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများ အနေဖြင့်လည်း သုံးစွဲရန် ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝ အသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၈(က) အရ တရားစွဲဆို အရေးယူသွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ