Thursday, January 29, 2015

မန္တလေးမြို့လယ် စက်သုံးဆီဆိုင် မီးလောင်

မန္တလေးမြို့လယ်တွင်  ဖွင့်လှစ်ထားသော စက်သုံးဆီဆိုင်တစ်ဆိုင်၌ ဆီလှယ်ရာမှတစ်ဆင့် မီးလောင်မှု  ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဇန်န၀ါရီ ၂၉ ရက် ညနေ ၄  နာရီ ၅၅ မိနစ်က မန္တလေး မြို့  မဟာအောင်မြေမြို့နယ်၊ မဟာအရှေ့ရပ်ကွက်၊ ၃၉ လမ်း၊  ၈၁ လမ်းနှင့် ၈၂ လမ်းကြားတွင် ဖွင့်လှစ်ထားသော စက်သုံးဆီဆိုင်တစ်ဆိုင်၌   မီးလောင်ခဲ့ခြင်း ဖြစ်သည်။ လိုက်ထရပ်ကားပေါ်ရှိ ဆီပီပါများမှ အောက်တိန်း ၉၂ ဓာတ်ဆီကို  တရုတ်နီ ၅၆ အင် ဂျင်စက်ဖြင့် ဆိုင်ရှိ ဆီကန်သို့ ဆီ ထည့်စဉ် အင်ဂျင်အိတ်ဇောမှ မီး ပွားထွက်ကျကာ မီးလောင်ကျွမ်း ခဲ့ကြောင်း မီးသတ်မှတ်တမ်းတွင် ဖော်ပြထားသည်။
မီးလောင်မှုကြောင့် အမျိုး သားတစ်ဦးမီးဟပ်ခံရပြီး မီးသတ် တပ်သားတစ်ဦး   ဦးခေါင်း ပေါက်ပြဲဒဏ်ရာရရှိခဲ့သည်ဟု သ တင်းရရှိသည်။ အဆိုပါမီးလောင် ကျွမ်းသည့် ဓာတ်ဆီဆိုင်သည် မြို့လယ်ကောင်တွင် တည်ရှိနေသဖြင့် ဆိုင်မဖွင့်လှစ်မီကတည်းက ဘေးပတ်ဝန်းကျင်၌  နေထိုင် သူများက ကန့်ကွက်ခဲ့ကြကြောင်း ဒေသခံများက ပြောကြားသည်။ မီးလောင်ကျွမ်းချိန် ၂၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ဓာတ်ဆီ၊ ဒီဇယ်ဂါလန်၄၀၀ ကျော်နှင့်  အတွင်းပစ္စည်း များ မီးလောင်ဆုံးရှုံးခဲ့ကာ ကျပ် ၂၄ သိန်းဖိုးခန့်ဆုံးရှုံးခဲ့သည်ဟု မီး သတ်က ခန့်မှန်းတွက်ချက်ထား သည်။  ယင်းဖြစ်စဉ်အတွက် ဆိုင်မန်နေဂျာအား အမှုဖွင့်အ ရေးယူထားကြောင်း  သတင်းရရှိ သည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ