BREAKING NEWS: (1/9/2015)
နှစ်ပေါင်းများစွာ မြန်မာပြည်သူအများစုရဲ့ ဝေဖန်မှုကိုခံနေရတဲ့ မြန်မာ့ဆက်သွယ်ရေး MPT အနေနဲ့ လာမယ့် ၁၂ရက်နေ့ကစပြီး ဖုန်းခေါ်ခကို တစ်မိနစ် ၃၅ ကျပ် (MPT အချင်းချင်း ၂၅ကျပ်)၊ SMS တစ်စောင်ပို့ခ ၁၅ကျပ် ဝန်ဆောင်မှုသစ်ကို ဆွေသဟာနာမည်နဲ့ စတင်တော့မှာလို့ ကြေညာလိုက်ပါတယ်။
အင်တာနက်ကိုလည်း လက်ရှိ တစ်မိနစ် ၂ကျပ်၊ ၄ကျပ် အသီးသီးကောက်ခံနေရာက မြန်နှုန်းမြင့်အင်တာနက် 1MB ကို ၁၅ကျပ်နဲ့ စတင်ကောက်ခံမှာဖြစ်ပြီး promotion အဖြစ် 50MB ကို အခမဲ့ တစ်လပေးသွားမယ်လို့ ဆိုပါတယ်။ ဆွေသဟာ အစီအစဉ်သစ်အရ အင်တာနက်လိုင်းဖွင့်ဖို့ ကျပ် တစ်သောင်းပေးရတာလည်း မရှိတော့သလို အင်တာနက်မြန်နှုန်းလည်း မြင့်လာမယ်လို့ ဆိုပါတယ်။ ဖုန်းလိုင်းမမိတာ၊ အသံမကြည်တာ စတာတွေအတွက် နည်းပညာအရ ၃ဆတိုးမြှင့်ထားတယ်လို့ ဆိုပါတယ်။
KM
No comments:
Post a Comment