လူ့ခန္ဓာမှာဖြစ်တတ်တဲ့ရောဂါတွေုက အရွယ်သုံးပါးမရွေး၊
လူ့ဘ၀တစ်လျှောက်လုံးအချိန်အခါမရွေးဖြစ် ပေါ်တတ်ပါတယ်။ မွေးစကလေးမှအစ အသက်ကြီးရွယ်အိုထိ အချိန်မရွေးရောဂါ ဝေဒနာမျိုးစုံဖြစ်ပေါ်တတ်လို့
ကျန်းမာရေးကိုအထူးဂရုစိုက်ဖို့လိုပါတယ်။ သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့်လည်းရောဂါဝေဒနာတွေ
ဖြစ်ပေါ်တယ်၊ အစားအသောက်အနေအထိုင်ကို ကလေးမှအစလူကြီး အဆုံးဆင်ခြင်စားသောက်နေထိုင်ရမယ်။
လတ်ဆက်သန့်ရှင်းတဲ့အစားအစာကို စားသုံးပေးရပါ့မယ်။ ရောဂါဝေဒနာတစ်ခုဖြစ်ပေါ်ရင် မိမိကိုယ်တိုင်ခံစား
ရရုံမက အလုပ်အကိုင်ပျက်ခြင်း၊မိသားစုပြုစုယုယစောင့်ရှောက်ရပါတယ်။ ခွဲစိတ်ကုသရမယ့် ဝေဒနာတွေဖြစ်ရင်
လည်းအထူးကုဆေးရုံတွေမှာ ငွေအမြောက်အမြားကုန်တတ်ပါတယ်။ တတ်နိုင်တဲ့သူတွေအတွက်လည်း ငွေကုန်ပြီးရောဂါ
ပျောက်ကင်းရင်ကောင်းပေမယ့် မပျောက်ကင်းခဲ့ရင် မိသားစုအားလုံးဝေဒနာရှင် အပါအ၀င် စိတ်ဒုက္ခရောက်ရပါတယ်။
ငွေကြေးမတတ်နိုင်သူတွေအတွက်ဆို ပိုတောင်ဆိုးပါသေးတယ်။ ဒါကြောင့်ကြီးမားတဲ့ ဝေဒနာမဖြစ်အောင်နေတတ်ထိုင်တတ်စားသောက်တတ်ဖို့
အကြံဥာဏ်ပေးရဖြင်းဖြစ်ပါ တယ်။ မြန်မာ့တိုင်းရင်းဆေးနည်းတွေမှာ ဓာတ်စာနဲ့ကုသတဲ့နည်းလမ်းတွေ
အများအပြားရှိပါတယ်။ ဒီတစ်ပတ် အတွက်တော့ငွေကုန်ကြေးကျလည်းသက်သာ၊ ရှာဖွေရလွယ်ကူတဲ့ဓာတ်စာဆေးနည်းနဲ့
အူ(သို့မဟုတ်) ၀မ်းဗိုက်တွင်းမှာ အနာဖြစ်ရင်သက်သာပျောက်ကင်းမယ့်နည်းလေးရေးပေးလိုက်ပါတယ်။
အထူးကုဆေးရုံတွေ မှာ ငွေမြောက်မြားစွာမကုန်တဲ့ ၊မခွဲမစိတ်ရဘဲပျောက်ကင်းမယ့်နည်းလမ်းလေးက
မိမိအိမ်မှာပဲ ဆေးအဖြစ်စားသုံးရင်း ပျောက်ကင်းသွားမယ့် နည်းလမ်းလေးပါ အူ(သို့မဟုတ်)
ဝမ်းဗိုက်အတွင်းအနာဖြစ်ခဲ့ရင် အစာမစားမီ (၁၅)မိနစ်ခန့်အလိုမှာ
ငုက်ပျောသီးတစ်လုံးနှင့် ထောပတ်ကောင်းကောင်းတဇွန်း ကိုပုံမှန်စားပေးပါ။ သုံးပတ်ခန့်မပျက်မကွက်စားသုံးပေးရင်
အနာများမခွဲမစိတ်ရဘဲသက်သာပျောက်ကင်းပါလိမ့်မယ်။ ငရုတ်သီး၊ မဆလာ၊ အချဉ်နဲ့ အကြော်အလှော် တွေကို
ရောဂါဖြစ်နေစဉ်ရှောင်ကြဉ်ရမှာပါ။
အထက်ပါနည်းလမ်းလေးကိုလေ့လာမှတ်သားပြီး
အူ(သို့မဟုတ်) ၀မ်းဗိုက်အတွင်းအနာဖြစ်နေတဲ့ မိတ်ဆွေများတွေ့ခဲ့ရင် စာဖတ်ပရိတ်သတ်ကြီးက
တဆင့်လမ်းညွှန်ပေးစေချင်လို့စေတနာနဲ့ ရေးပေးလိုက်ပါတယ်။
မောင်သင်းနွယ်(မြေပြန့်)
No comments:
Post a Comment