Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Friday, January 9, 2015
တောင်ငူမြို့တွင် စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရန် မြေကွက်လျှောက်ထားခြင်းကို ထောက်ခံကြောင်းနှင့် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခြင်း တစ်ချိန်တည်းပြုလုပ်
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ကေတုမတီဖွံ့ဖြိုးတိုးတက်ရေးနှင့်အများနှင့် သက်ဆိုင်သောကုမ္ပဏီ၏ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၄၈ မိုင်နှင့် ၁၅၃ မိုင်အကြားရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧက တစ်သောင်းကျော်အား စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရန် လျှောက်ထားမှုအား ကန့် ကွက်ကြောင်းဒေသခံလယ်သမား ၄ဝဝ ဝန်းကျင်ခန့် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး တစ်ချိန်တည်းမှာပင် မိုင်တိုင် ၁၅၂ မိုင်အနီး စီမံကိန်းလုပ်လျှောက်ထားသည့်မြေဧရိယာအတွင်း စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရန် ထောက်ခံပွဲကိုလည်း ပြုလုပ်သွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ အခုလိုဆန္ဒပြဖို့ခွင့်ပြု မိန့်တောင်းတာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်လောက်တည်းက တောင်းတာ။ ဇန်နဝါရီ ၈ ရက်မှ ခွင့်ပြုတယ်။ သူတို့ထောက်ခံတဲ့ပွဲကိုတော့ ၆ ရက် ညနေပိုင်းမှ တောင်းတာကို ၈ ရက် တစ်ရက်တည်းမှာပဲ ခွင့်ပြုတယ် အချိန်ကလည်း မွန်းလွဲ ၁ နာရီမှာ အတူတူခွင့်ပြုထားတယ်။ သူတို့လုပ်တဲ့ပွဲကိုလာဖို့ ည က ၂၂ ရပ်ကွက်ထဲမှာ ထမင်းထုပ်ပေးမယ်၊ ပိုက်ဆံ ၃ဝဝဝ ပေးမယ်ဆိုပြီးအော်လို့ ကျွန်တော်တို့က အမှတ် ၁ ရဲစခန်းကိုသွားပြီး အမှုဖွင့်ပါသေးတယ်။ ရဲစခန်းက မြို့နယ်ရဲမှူးက ခွင့်ပြုမိန့်ပေးထားတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ပဲ သွားရှင်းပါလို့ပြောတယ်။ သူတို့ ထောက်ခံပွဲကိုတက်ဖို့ တစ်ရပ်ကွက်ကို လူ ၃ဝဝ ရှာပေးပါဆိုပြီး မနေ့ က CB ဘဏ်ဥက္ကဠ ဦးခင်မောင်အေးကခေါ်ပြီးတော့ အစည်းအဝေးလုပ်တယ်၊ ဘာလို့သိလဲဆိုတော့ အုပ်ချုပ်ရေးမှူးတွေကလည်း ကျွန်တော်တို့ကိုပြောပြတယ်။ ကျွန်တော်တို့အဖွဲ့တွေလည်း အဲဒီအထဲပါသွားတာတွေရှိတယ်။ ဒီလိုလုပ်တာကတော့ ကလိန်ကကျစ်ကျတယ်လို့ထင်တယ်။ ဒီလိုသူဌေးတစ်ယောက် က အဲလိုလုပ်တာ ကိုယ့်မြို့သူ မြို့သားတွေ ကိုပြန်ပြီးတော့ ဒုက္ခပေးနေတယ်လို့ပဲ ကျွန်တော်တို့မြင်တယ်”ဟု စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရန် ဧကတစ်သောင်းကျော် လျှောက်ထားသည်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခွင့်ရရန် လျှောက်ထားသူ ကိုထွန်းကြည်က ပြောကြားသည်။
CB ဘဏ်ဥက္ကဠ ဦးခင်မောင်အေး ပိုင်ဆိုင်သည့်စက်မှုဥယျာဉ်မြို့တော် တည်ဆောက်သည်ကို ကန့်ကွက်ကြောင်းဆန္ဒထုတ်ဖော်ခြင်းကို တောင်ငူမြို့ ၂ ရပ်ကွက် နေပူကုန်းလမ်းထိပ်မှစတင်၍ “တို့လယ်သမားရဲ့ဘဝတွေ ခရိုနီတွေ မနှိပ်စက်ကြပါနဲ့”၊ “အေးချမ်းလှ တဲ့တို့ဘဝတွေ မငြိမ်းချမ်းအောင် မရက်စက်ကြပါနဲ့”၊ “စက်မှုဥယျာဉ်မြို့တော် အလိုမရှိ”၊ “မြေပွဲစားများဖမ်းဆီးပေးရေး ... တို့အရေး”၊ “ခေတ်သစ်မြေရှင်စနစ်ကျဆုံးရေး...တို့အ ရေး”၊ “တို့လယ်သမားဘဝဖျက်ဆီးရင်...ဘဝ မကူးခင် ဝဋ်ဆိုက်မှာပဲ” ဟူသောကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“သူတို့က စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ဖို့ဆိုပြီး လယ်တွေဝယ်တယ်၊ ရောင်းချင်တဲ့လူက ရောင်းနေတော့ ကျွန်တော်တို့ မရောင်းချင်တဲ့ လူတွေက ဒုက္ခရောက်ရတယ်။ ဘာဖြစ်လို့လဲဆိုတာ့ သူတို့စီမံကိန်းတွေလုပ်လို့ မြေတွေထိုး ဘာတွေလုပ်ရင် ကျွန်တော်တို့ လယ်တွေလည်းပါတော့မှာ နောက်ဆုံး စက်ရုံဧရိယာတွေကများလာရင် ကျွန်တော်တို့ မရောင်းချင်တဲ့လူတွေလည်း မဖြစ်မနေရောင်းရတော့မယ့် အနေအထား ဖြစ်သွားတယ်။ ကျွန်တော်တို့က ကိုယ့်လယ်ကိုယ့်ယာလေးတွေကို မရောင်းချင်ဘူး။ သူတို့လုပ်မယ့်စီမံကိန်းက ကျွန်တော်တို့ လယ်သမားတွေအတွက် ဘယ်ကာလအထိအကျိုးပြုနိုင်မှာလည်းဆိုတာ မသိရတဲ့အတွက် အခုလို ကန့်ကွက်ကြောင်းဆန္ဒထုတ်ဖော်တဲ့ပွဲကို လာခဲ့တာပါ”ဟု နေပူကုန်းကျေးရွာအုပ်စု ဇ ရပ်ကွက်ကျေးရွာမှ ဦးသိန်းစိုးက ပြောကြားသည်။
စက်မှုဥယျာဉ်မြို့တော်တည်ဆောက်ရန် ကန့်ကွက်ကြောင်းဆန္ဒပြပွဲကို ညနေ ၃ နာရီ ခန့်တွင် တောင်ငူမြို့ မြို့အဝင် မုခ်ဦးရှေ့ မင်းကြီးညိုရုပ်တုရှေ့သို့ရောက်ရှိကာ ၁ဝ မိနစ် ကြာမျှ ဟောပြောပြီးဆုံးခဲ့သည်။
ထို့အတူ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရန်ထောက်ခံပွဲကို မွန်းလွဲ ၁ နာရီ အချိန်၌ ၁၅၂ မိုင်ရှိ စီမံကိန်းဧရိယာတွင်ပြုလုပ်ခဲ့ရာ တောင်ငူခရိုင် ခြောက်မြို့နယ်မှဌာနဆိုင်ရာ အကြီးအကဲများနှင့် ပြည်သူ ၃ဝဝဝ ခန့် တက်ရောက်ခဲ့ကြသည်။
“ကျွန်တော်ကို ဒီပွဲကိုတက်ဖို့ မနေ့ည မှာ ရာအိမ်မှူးကိုယ်တိုင် လာပြီးပြောတယ်။မနက်ဖြန်လူကြီးလမ်းကြောင်း တစ်အိမ်တစ်ယောက် မဖြစ်မနေလိုက်ရမယ်ဆိုပြီးတော့ လိုက်ခေါ်တယ်။ ကျွန်တော့်အိမ်မှာ လူခွဲမရှိ လို့ ကျွန်တော်ကိုယ်တိုင် လာတက်တာပါ။အခုအချိန်ထိတော့ ပိုက်ဆံမရသေးဘူး။ပြန်ရောက်မှ ပေးမလားတော့မသိဘူး”ဟု ၁၅၂ မိုင်ရှိ ထောက်ခံပွဲအား တက်ရောက်ခဲ့သူ တောင်ငူမြို့ ဇေယျာခင်ဦး ၂၁ ရပ်ကွက်မှ အသက် ၇ဝ ကျော်ရှိသူ ဦးမာက ပြောကြားသည်။
“ကျွန်မတို့ကို ထမင်းဖိုးဆိုပြီး ပိုက်ဆံ ၃ဝဝဝ ရတယ်။ ပိုက်ဆံပေးလို့လာကြတဲ့သူတွေ အများကြီးပဲ။ ကျွန်မတို့ တောင်ငူမြို့ကြီးသူတို့ပြောသလိုဖွံ့ဖြိုးလာရင်တော့ ကောင်းတာပေါ့။တချို့ကလည်း ဒီဟာကို မယုံကြလို့မြို့ထဲမှာဆန္ဒပြနေကြတာရှိတယ်”ဟု ရေ တာရှည်မြို့မှ ဒေါ်ကျင်နုက ပြောကြားသည်။
ထောက်ခံပွဲသို့ တက်ရောက်သူများအား ရေသန့်ဘူး၊ အချိုရည်ဘူး၊ စနိုးတာဝါ၊ ဘီစကစ်မုန့်များအား ကေတုမတီဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီက ပေးဝေခဲ့သည်။
အဆိုပါဆန္ဒခံယူပွဲသို့ တောင်ငူခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၆ဝ ကျော်မှဒေသခံ ၃ဝဝဝ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
eleven media
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment