Thursday, January 8, 2015

ဘေးအနားကွပ်မပါဝင်သည့် စမတ်ဖုန်းတစ်မျိုးကို LG မိတ်ဆက်

CES 2015

LG သည် ဘေးအနားကွပ်မပါဝင်ဘဲ ၎င်းနေရာတွင် မျက်နှာပြင်ကွေးနှစ်ခု ထည့်သွင်းဖန်တီးထားသည့် စမတ်ဖုန်းကို CES 2015 ပွဲတွင် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ စမတ်ဖုန်းဒီဇိုင်းသည် Samsung Galaxy Note Edge နှင့် အလွန်ဆင်တူသော်လည်း Samsung ၏ စမတ်ဖုန်းတွင် မျက်နှာပြင်ကွေးတစ်ဖက်သာ ပါဝင်သည်။ LG ၏ စမတ်ဖုန်းတွင် 720p resolution ဖြင့် ဖော်ပြပေးနိုင်သည့် ၆ လက်မ HD ပလတ်စတစ် OLED display ကို အသုံးပြုထားသည်။ စမတ်ဖုန်း၏ ဘေးအနားတွင် ပါဝင်သည့် မျက်နှာပြင်ကွေးများကို secondary display များအဖြစ် အသုံးပြုနိုင်ပြီး သုံးစွဲသူများက ၎င်းမျက်နှာပြင်မှတစ်ဆင့် swipe နှင့် tap ပြုလုပ်နိုင်မည် ဖြစ်သည်။ ဥပမာအားဖြင့် သုံးစွဲသူများသည် မသိရှိလိုက်ရသည့် သတိပေးချက်များကို ကြည့်ရူနိုင်ခြင်းနှင့် အသုံးပြုထားသော app များသို့ လွယ်ကူစွာ ဝင်ရောက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
LG ၏ dual-curved ဟန်းဆက်သည် အမည်မပေးရသေးသော ရှေ့ပြေးပုံစံအဆင့်သာ ရှိသေးသော်လည်း ထုတ်လုပ်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း LG Display မှထုတ်ပြန်ခဲ့သည်။ ၎င်းစမတ်ဖုန်းကို ၂၀၁၅ ခုနှစ် အစောပိုင်းဖြစ်သည့် မတ်လ၌ ကျင်းပမည့် Mobile World Congress မတိုင်မီတွင် ထွက်ရှိလာရန် မျှော်မှန်းထားသည်။
Ref: CNET

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ