ရန်ကုန်၊
...
ယာဉ်ကြောကျပ်တည်းမှုအား ဖြေရှင်းရန် နှစ်ထပ်လမ်းများ အပြင် မြို့
ရှောင်လမ်းများပါ ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ
ယာရေးကော်မတီ(လမ်း/တံတားဌာန)မှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ နှစ်ထပ်လမ်းများနှင့် မြို့ ရှောင်လမ်းများ ဖောက်လုပ်ပြီးစီးပါက ယာဉ်ကြောကျပ်တည်းမှုအား ၁ဝဝ ရာ ခိုင်နှုန်း ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
''ကျွန်တော်တို့ ယာဉ်ကြောကျပ် တည်းမှုကိုဖြေရှင်းဖို့ နည်းမျိုးစုံနဲ့ ကြိုးစား ပြီးပါပြီ။ ဒီနည်းလမ်းက ယာဉ်ကြောကျပ် တည်းမှုကို ဖြေရှင်းဖို့ အကောင်းဆုံးနည်း လမ်းပါပဲ''ဟု ယင်းက ပြောသည်။
ယင်းနှစ်ထပ်လမ်းနှင့် မြို့ပတ်လမ်း စီမံကိန်းအား ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် တွင် စတင် အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်းလည်း သိရသည်။
''နှစ်ထပ်လမ်းဆိုတာကတော့ လက် ရှိ ကားလမ်းတွေအပေါ်မှာ နောက်ထပ် ကားလမ်းတစ်ခု ဆောက်လိုက်တာပါပဲ။ ဒီနှစ်ထပ်လမ်းမှာ အတက်အဆင်း နေ ရာ ၁၅ ခုလောက် ပါမှာပါ''ဟု ယင်းက ဆိုသည်။
ယင်းအပြင် ရန်ကုန်မြို့ပြင် ပတ် လမ်းများလည်း ဖောက်လုပ်သွားမည် ဖြစ်ကာ အဆိုပါပတ်လမ်းများ၌ မီးပွိုင့် များ တပ်ဆင်မည်မဟုတ်ကြောင်း သိရ သည်။
''မြို့ပြင်ပတ်လမ်းဆိုတဲ့အတိုင်း ရန် ကုန်မြို့ရဲ့ အပြင်ကနေ ပတ်ပြီး လမ်း ဖောက်လုပ်သွားမှာပါ။ အဲဒီလမ်းမှာ မီး ပွိုင့် လုံးဝတပ်ဆင်သွားမှာ မဟုတ်ပါဘူး'' ဟုလည်း ပြောကြားသည်။
နှစ်ထပ်လမ်းအား ကမ်းနားလမ်း၊ ဗိုလ်တထောင်ဈေးလမ်း၊ အနော်ရထာ လမ်း၊ အောက်ပုဇွန်တောင်လမ်း၊ အထက် ပုဇွန်တောင်လမ်း၊ ဝေဇယန္တာလမ်း၊ သုဓမ္မာ လမ်း၊ ခရေပင်လမ်း၊ အောက်မင်္ဂလာဒုံ လမ်း၊ ဘုရင့်နောင်လမ်း၊ ကြည့်မြင်တိုင် ကမ်းနားလမ်းတို့တွင် ဆောက်လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
''မြို့ပြင်ပတ်လမ်းအနေနဲ့က စက် မှုလမ်း၊ ပဲခူးမြစ်လမ်း၊ ကနောင်မင်းသား ကြီးလမ်း၊ ကျန်စစ်သားလမ်း၊ ကမ်းနား ပတ်လမ်း၊ မြို့ပတ်လမ်း၊ ပြည်လမ်း၊ လှော် ကားလမ်း၊ အမှတ်ငါးလမ်း၊ တွံတေး-လှိုင်သာယာလမ်း၊ လမ်းသစ်တို့မှာ ပြု လုပ်သွားမှာဖြစ်ပါတယ်''ဟု ယင်းက ပြောသည်။
ယင်းစီမံကိန်းနှစ်ခု၏ စုစုပေါင်း ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံခန့်ရှိကြောင်းလည်း သိရသည်။
လမ်းများ တည်ဆောက်ပြီးပါက ဖြတ်သန်းသွားလာမှုအတွက် ဖြတ်သန်း ခအား ကောက်ခံမည်ဖြစ်ကာ လက်ရှိ တည်ဆောက်ရန် ကုန်ကျစရိတ်အား ပြည်ထောင်စုအစိုးရထံ တင်ပြထား ကြောင်း သိရသည်။
YMG

No comments:
Post a Comment