သပိတ်မှောက် ကျောင်းသားများနှင့် အစိုးရတာဝန်ရှိသူများကြား အမျိုးသားပညာ ရေးဥပဒေ ပြင်ဆင်ရန် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး သဘောတူလိုက်ပြီး ယနေ့ (ဇန်န၀ါရီ ၂၈ရက်)တွင် အစိုးရနှင့် သပိတ်မှောက်ကျောင်းသားနှစ်ဦး နေပြည်တော်၌တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် ကိုအောင်မှိုင်းဆန်းနှင့် ကိုနန္ဒာစစ် အောင်တို့နှစ်ဦးသည် ကျောင်း သားများကိုယ်စား နေပြည်တော် သို့ သွားရောက်ဆွေးနွေးမည် ဖြစ်သည်။
ယနေ့ပြုလုပ်သည့် နေပြည် တော်ဆွေးနွေးပွဲသည် အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) နှင့် ကျောင်း သားသမဂ္ဂတို့ တွေ့ဆုံဆွေးနွေး ရန် အကြိုညှိနှိုင်းဆွေးနွေးပွဲဖြစ် သည်။
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်သော ကျောင်းသားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ ထိပ်တိုက်တွေ့ဆုံမည့် အခြေအနေတွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး၊ ဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် (အစိုးရ၊ လွှတ်တော်၊ NNER ၊ ကျောင်းသားသမဂ္ဂ)တွေ့ဆုံဆွေးနွေးအဖြေရှာရန် ကမ်းလှမ်းသည်။ အဆိုပါကမ်းလှမ်းချက်ကို သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များက အတားအဆီးများ ဖယ်ရှားပေးလျှင် သဘောတူမည်ဟု ဆိုသောကြောင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အတားအဆီးများ ဖယ်ရှားပေးခဲ့ ၍ တောင်သာမြို့သို့ချောမောစွာ ချီတက်နိုင်ခဲ့သည်။ မြင်းခြံတက္က သိုလ်အတွင်းရှိ အလံတိုင်မှ အလံကိုဖြုတ်ချ၍ ကျောင်းသားသမဂ္ဂအလံ လွှင့် တင်ခဲ့သည့် အချိန်မှစ၍ အခြေအနေအနည်းငယ် တင်းမာလာပြီး သပိတ်မှောက်ကျောင်းသားများသည် ဇန်န၀ါရီ ၂၇ ရက် ည ၇ နာရီတွင် တောင်သာမြို့ထဲသို့ အောင်မြင်စွာ ၀င်ရောက်သွားနိုင်ခဲ့ပြီဖြစ်သည်။
7Day
No comments:
Post a Comment