Monday, January 19, 2015

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ၏ယုံကြည်မှုဖြင့် အနိုင်ရရှိရေး ဦးတည်ဆောင်ရွက်သွားဖြစ်ကြောင်းပြောကြား



၂၀၁၅ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိခဲ့ပြီး ဦးသိန်းစိန်က အစိုးရအဖွဲ့အတွင်းပါဝင်ဆောင်ရွက်ရန်ဆန္ဒရှိပါက မည်သို့တာဝန်ပေးမည်ကို ပါတီကော်မတီအသီးသီး၏ ဆုံးဖြတ်ချက်ဖြင့်သာ စဉ်းစားဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးက ဆိုသည်။
‘‘သူ့အနေနဲ့ ဒီလိုပါဝင်ဖို့ဆိုတာ ကိုယ်တိုင်လည်းဆန္ဒရှိဖို့လို တာပေါ့။ ဘယ်လိုတာဝန်ပေးမယ် ဆိုတာ ကျွန်တော်တို့ပါတီမှာ ကော်မတီတွေရှိတယ်။ ဗဟိုအ လုပ်အမှုဆောင်ကော်မတီ၊ ဗဟို ကော်မတီ၊ ပါတီညီလာခံပေါ့။ အဲဒီလိုအဆင့်ဆင့်ကနေမှ ဆုံး ဖြတ်ပေးလိမ့်မယ်’’ဟု ဦးဌေးဦးက ပြောသည်။
သို့ရာတွင် ၂၀၁၅ ရွေး ကောက်ပွဲနောက်ပိုင်း၌ ဦးသိန်းစိန်က ပါတီဥက္ကဋ္ဌအဖြစ်ဆက် လက်ဦးဆောင်မှုရှိ၊မရှိဆိုသည့် ကိစ္စရပ်ကို တိတိကျကျပြောကြားသွားခြင်းမရှိဘဲ ထိုကာလတွင် ဥက္ကဋ္ဌတာဝန် ဆက်လက်ရယူထားပါကလည်း အထက်ပါကိစ္စ နှင့် ပတ်သက်လာပါက ပါတီ၏ အဆုံးအဖြတ်ဖြင့်သာ စဉ်းစား ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်း ကဆိုသည်။
ယခုလ ၁၇ရက်တွင်ပြုလုပ်သော တတိယအကြိမ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီအစည်းအဝေးအပြီး ပြုလုပ်သည့်သတင်းစာ ရှင်းလင်းပွဲ၌ ပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးက အထက်ပါအတိုင်း ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီ၏ တရားဝင်ဥက္ကဋ္ဌသည် ဦးသိန်းစိန်နှင့် ဦးရွှေမန်း မည်သူဖြစ်သည် ကို တိတိကျကျခွဲခြားသတ် မှတ်ထားမှုမရှိသည့်အတွက် အချို့သောကိစ္စရပ်များ ဆောင်ရွက် ရာ၌ မိမိတို့အနေဖြင့် အငြင်းပွားဖွယ်ရာကိစ္စရပ်များဖြစ်ပေါ်နေရကြောင်း ၎င်းပါတီ၏ ဗဟိုကော်မတီဝင်အချို့ကပြောသည်။
‘‘အခုက ကျွန်တော်တို့နား လည်လက်ခံထားတာက လွှတ် တော်နာယကကြီးသူရဦးရွှေမန်း ဟာ လက်ရှိဥက္ကဋ္ဌပဲ။ ဒါပေမဲ့ အ စည်းအဝေးမှာဝန်ကြီးချုပ်တွေ၊ ၀န်ကြီးတွေက နိုင်ငံတော်သမ္မတ သည် ပါတီဥက္ကဋ္ဌဖြစ်တယ်လို့ ပြောသွားတော့ ကျွန်တော်တို့က ဒါကို ဘယ်လိုနားလည်ရမလဲ။ ဥက္ကဋ္ဌက နှစ်ယောက်ရှိနေတဲ့ပုံမျိုး ကြီးဖြစ်နေတယ်’’ဟု ဗဟိုကော်မ တီဝင်တစ်ဦးကပြောသည်။

ယင်းကိစ္စရပ်နှင့် ပတ်သက်၍  ဦးဌေးဦးက ပါတီ၏ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသောနိုင်ငံ တော်သမ္မတသည် အစိုးရအဖွဲ့ တာဝန်ထမ်းဆောင်နေရသဖြင့်  အခြေခံဥပဒေအရ ပါတီ လုပ်ငန်းများ ကို ဆောင်ရွက်၍မရသောကြောင့် ၀ါအရင့်ဆုံးဖြစ်သည့် ဒုဥက္ကဋ္ဌသူရဦးရွှေမန်းက ဥက္ကဋ္ဌ တာဝန်ကို ပူးတွဲထမ်းဆောင်နေခြင်းဖြစ်ကြောင်းပြောကြားသည်။

၂၀၁၀ရွေးကောက်ပွဲတွင် အစိုးရဖွဲ့စည်းနိုင်သည်အထိ အ နိုင်ရရှိခဲ့သော ယင်းပါတီ အနေဖြင့် လာမည့် ၂၀၁၅ရွေးကောက်ပွဲ တွင် အနိုင်ရရှိရေးကိုသာ ဦးစားပေးဆောင်ရွက် မည်ဖြစ်ကာ အနိုင်ရရှိလာမှသာ မည်သူ့ကို သမ္မတအဖြစ် ရွေးချယ်မည်ဆိုသည်ကို စဉ်းစားမည်ဖြစ်ကြောင်း ဦးဌေးဦးကဆိုသည်။

‘‘လက်ရှိမှာတော့ ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ အ နိုင်ရရေးကိုသာ ဦးတည်ဆောင် ရွက်နေတယ်။ အနိုင်ရရရေး၊ အောင်နိုင်ရေးသည်သာ ပဓာန ဖြစ်တယ်’’ဟု ပါတီဗဟိုကော်မတီ ၀င် ဦးဇော်မြင့်ဖေကပြောသည်။

သူများပါတီကိုဘာမှ မပြောလိုဘူး သူများပါတီကိုအနိုင်ရအောင်လုပ်သာထက်ဆိုင်ရင် မိမိတို့ပါတီ ကိုပြည်သူ့ထောက်ခံအောင်လုပ်ဖို့ပဲရှိတယ် ၊ သူများပါတီရဲ့အားနည်းချက် ကြောင့်နိုင်တာမျိုးမဟုတ်ပဲ ပြည်သူတွေအတွက်တကယ်အကျိုးရှိတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ပေးပြီး ပြည်သူတွေရဲ့ယုံကြည်မှုကို ရရင် ကျွှန်တော်တို့ပါတီနိုင်မှာပဲဟု ဦးဌေးဦးမှသတင်းစားရှင်းလင်းပွဲတွင်ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ တတိယ အကြိမ်မြောက်ဗဟိုကော်မတီအ စည်းအဝေးကို ယခုလ ၁၆ရက်မှ ၁၇ရက်အထိ နှစ်ရက်ကြာကျင်းပ ခဲ့ပြီး မှတ်တမ်းတင်ခြင်း ကိုးရပ်၊ အတည်ပြုခြင်း နှစ်ရပ်၊ ဆုံးဖြတ်ချက်သုံးရပ်နှင့် ရှေ့လုပ်ငန်းစဉ် ခြောက်ရပ်တို့ကို ဆုံးဖြတ်အတည်ပြုခဲ့ကြသည်။

နေပြည်တော်ဌာနချုပ်တွင်ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအစည်းအဝေးတွင် အတိုက်အခံ ပါတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အနိုင်ရရေးကို ဆွေးနွေးခဲ့တာမျိုးမရှိပဲ ပြည်သူထောက်ခံမှုဖြင့် မိမိတို့ပါတီ အနိုင်ရရှိရေးကိုသာဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။


ယခုလ ၁၇ရက်တွင်ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ပါတီပြန်ကြားရေး အဖွဲ့ခေါင်း ဆောင်ဦးဌေးဦး ဦးဆောင်၍ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးစိုးနိုင်၊ ဗဟိုကော်မတီဝင် ဦးဇော် မြင့်ဖေတို့ တက်ရောက်ရှင်းလင်းခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် ၂၀၁၅ရွေးကောက်ပွဲအတွက်ဗဟို အောင်နိုင်ရေးကော်မတီကို ဖွဲ့ စည်းခဲ့ပြီး ပါတီရှေ့လုပ်ငန်းစဉ် များအဖြစ် လာမည့်ရွေးကောက် ပွဲ၌ ပါတီအောင်နိုင်ရေး အ   တွက် အစွမ်းကုန်ကြိုးပမ်းအား ထုတ်ဆောင်ရွက်ရေး၊ အခြေခံဥ ပေဒကို နိုင်ငံနှင့် နိုင်ငံသား များအ ကျိုးဖြစ်ထွန်းစေမည့် ပြင်ဆင် သင့်သည်များ ပြင်ဆင်နိုင်ရေး အစရှိသည့်အချက်များကို အ တည်ပြုဆုံးဖြတ်ခဲ့ကြသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ