Monday, January 5, 2015

နှစ်အတန်ကြာ ချီးမြှင့်နိုင်ခြင်းမရှိသော သီဟသူရဘွဲ့တံဆိပ် လွတ်လပ်ရေးနေ့တွင် ချီးမြှင့်

နှစ်အတန်ကြာချီးမြှင့်နိုင် ခြင်းမရှိခဲ့သည့် တပ်မတော်ဆိုင် ရာ စွမ်းရည်ဘွဲ့တစ်ခုဖြစ်သည့် သီဟသူရဘွဲ့တံဆိပ်ကို ယခုနှစ်တွင်ပြန်လည်ချီးမြှင့်ခဲ့ပြီး အခြား စွမ်းဆောင်ရည်ဆုဖြစ်သည့် သူရ ဘွဲ့တံဆိပ်ရရှိသူ ကိုးဦးအား ဘွဲ့တံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၄ ရက်တွင် ကျ ရောက်သော (၆၇) နှစ်မြောက်လွတ်လပ်ရေးနေ့၌ နိုင်ငံတော် သမ္မတက ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းချီးမြှင့်ရာတွင် အဆိုပါ ဘွဲ့များပေးအပ်ခဲ့ခြင်းဖြစ်သည်။
သီဟသူရဘွဲ့တံဆိပ်ချီးမြှင့် ခံရသူမှာ တပ်ကြပ် အောင်သိန်း ဖြစ်ပြီး ပြည်တွင်းတိုက်ပွဲ တစ်ခု တွင် မိမိအသက်ကို မငဲ့ကွက်ဘဲ ထူးခြားစွာ စွမ်းဆောင်ခဲ့သဖြင့် အဆိုပါ ဘွဲ့တံဆိပ် ချီးမြှင့်ခံခဲ့ရ ခြင်းဖြစ်ကြောင်း တပ်မတော်အရာရှိတစ်ဦးကဆိုသည်။
စွမ်းဆောင်ရည်ဆိုင်ရာ ဘွဲ့တံဆိပ်များတွင် ဒုတိယအမြင့်ဆုံးဖြစ်သော သီဟသူရဘွဲ့တံဆိပ်ချီးမြှင့်ခြင်းမပြုနိုင်သည်မှာ နှစ်ကာလအတန်ကြာပြီဖြစ်ပြီး သူရဘွဲ့ချီးမြှင့်မှုမှာလည်း ယခုနှစ်တွင်များပြားသည်ဟု ဆိုနိုင်ကြောင်း ၎င်းကပြောသည်။
ယခုနှစ်တွင် သီဟသူရဘွဲ့ အပါအဝင် သူရဘွဲ့ရသူ ၁၀ ဦးကိုဘွဲ့တံဆိပ်ချီးမြှင့်ခဲ့ပြီးရှစ်ဦးမှာတိုက်ပွဲတွင် ကျဆုံးခဲ့ကာ နှစ်ဦးသာ အခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်နိုင်ခဲ့သည်။
အဆိုပါ တိုက်ခိုက်ရေးရာ စွမ်းရည်ဆုများကို လွတ်လပ်ရေး ရရှိပြီးချိန်မှစ၍  ချီးမြှင့်ခဲ့ပြီး အဆင့်သုံးဆင့်ခွဲခြားထားကာ သူရ၊ သီဟသူရ၊ အောင်ဆန်းသူရိယဘွဲ့များအဖြစ်သတ်မှတ်၍ အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်သော အောင်ဆန်းသူရိယဘွဲ့ရရှိသူမှာ ခြောက်ဦးသာရှိခဲ့သည်။
လက်ရှိ မဏ္ဍိုင်သုံးရပ်တွင် တာဝန်ထမ်းဆောင်နေသူအချို့ မှာလည်း စွမ်းဆောင်ရည်ဘွဲ့ရရှိ သူများ တာဝန်ထမ်းဆောင်ဆဲဖြစ် ပြီး ပြည်ထောင်စုလွှတ်တော် နာ ယကဦးရွှေမန်းသည် သူရဘွဲ့ကို လည်းကောင်း၊ ရေးရာကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် နေသော ဦးအောင်ကိုသည်လည်း သူရဘွဲ့ကိုလည်းကောင်းရရှိထားကာ ယခင်ဒုတိယသမ္မတ တာဝန်ထမ်းဆောင်ခဲ့သော ဦးတင်အောင်မြင့်ဦးသည်လည်း သီဟသူရဘွဲ့ ရရှိခဲ့သည်။
ထို့ပြင် ၂၀၀၂ က ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး ရဟတ်ယာဉ် ပျက်ကျရာတွင်ပါဝင်ကာ ကွယ် လွန်သွားခဲ့သည့် အရှေ့တောင် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စစ်မောင်သည်လည်း သူရဘွဲ့နှင့် သီဟသူရဘွဲ့များ ရရှိခဲ့ဖူးသည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ