Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Thursday, January 1, 2015
Air Asia လေယာဉ်ပျက်ကျမှု မှကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့သူ
ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၁၄
အင်ဒိုနီးရှား အလှမယ်ဟောင်း တစ်ဦးဖြစ်သည့် အန်ဂျီမာဟက်စ်တီနှင့် သူမ၏ မိသားစုဝင်များသည် အီးမေးလ်စစ်ရန် ပျက်ကွက်ခဲ့ သည့်အတွက် Air Asia လေယာဉ်အမှတ် QZ8501 ပျက်ကျမှုမှနေ၍ ကံကောင်းထောက်မစွာ လွတ်မြောက် သွားခဲ့ကြောင်း Bloomberg က ဖော်ပြထားသည်။
ကျူပီအာ အသင်းပိုင်ရှင် တိုနီဖာနန်ဒက်စ် ပိုင်ဆိုင်ထားသည့် Air Asia လေကြောင်းလိုင်းပိုင်လေယာဉ်သည်
လေယာဉ်ကွင်းမှ ပျံသန်းထွက်ခွာအပြီး ၄၂ မိနစ်အကြာတွင် ရေဒါမြင်ကွင်းအောက်မှ ပျောက်ကွယ်သွားကာ ဂျာဗား ပင်လယ်ကြမ်းပြင်သို့ ပျက်ကျသွားခဲ့ပြီး လေယာဉ်ကွင်း ဝန်ထမ်းများက ယခု ဖြစ်ရပ်
ဆိုးကြီးကို ရှောင်လွှဲနိုင်ခဲ့သည်မှာ ဘုရားသခင်မှ ပေးပို့လိုက်သည့် ခရစ္စမတ် လက်ဆောင်ပင် ဖြစ်သည်ဟု သူမ၏ ခင်ပွန်းကို ပြောဆိုခဲ့ကြောင်း ၂၀၀၈ ခုနှစ် အင်ဒိုနီးရှား အလှမယ်ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သူ အန်ဂျီမာဟက်စ်တီက ပြန်ပြောင်း ပြောပြသွားခဲ့သည်။
အန်ဂျီမာဟက်စ်တီနှင့် သူမ၏ ခင်ပွန်းသည်တို့သည် အခြားသော မိသားစုဝင် ရှစ်ဦးနှင့်အတူ အင်ဒိုနီးရှားနိုင်ငံ ဆူရာဘားရားရှိ ဂျူအန်ဒါ နိုင်ငံတကာ လေဆိပ်မှနေ၍ စင်ကာပူသို့ ပျံသန်းမည့် Air Asia လေယာဉ်အမှတ် QZ8501 ၏ခရီးစဉ်တွင် လိုက်ပါခွင့် ရထားခဲ့သူများဖြစ်ကာ လေယာဉ် လက်မှတ်တွင် ပါရှိသည့် လေယာဉ်ချိန်ကို အမှန်အတိုင်း ယူဆလိုက်မိသည်မှာ အန်ဂျီမာ ဟက်စ်တီနှင့်သူမ၏ မိသားစုဝင်များကို ကံကောင်းသွားစေခဲ့ခြင်း ဖြစ်သည်။
Air Asia သည် လေယာဉ်လက်မှတ်တွင် ပါရှိသည့် လေယာဉ်ချိန် နံနက် ၇ နာရီခွဲကို နံနက် ၅ နာရီခွဲသို့ ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်ကြောင်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အီးမေးလ်ပေးပို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အီးမေးလ်ကို မဖတ်မိလိုက်သည့်အတွက် အန်ဂျီမာဟက်စ်တီနှင့် သူမ၏မိသားစုဝင်များ လေယာဉ်ကွင်းသို့ ရောက်သွားချိန်တွင် လေယာဉ်မှာ ထွက်ခွာသွားပြီး ဖြစ်သည်နှင့် ရင်ဆိုင်လိုက်ရသည်။ နံနက် ကိုးနာရီသို့ ရောက်ချိန်တွင် Air Asia လေယာဉ်အမှတ် QZ8501 ပျောက်ဆုံးကြောင်း သတင်းများ စတင်ထွက်ပေါ်လာခဲ့သည်။
The Voice Weekly
Labels:
နိုင်ငံတကာသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment