INTERNATIONAL FEDERATION OF FOOTBALL HISTORY & STATISTICS (IFFHS) ကနေ ၂၀၁၄ ခုနှစ်အတွက် The World’s Best Top Goal Scorer စာရင်းကို ဇန်န၀ါရီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့ထိပ်တန်း ဂိုးသွင်းရှင်စာရင်းမှာ အံ့သြဖွယ်ရာ ပါဝင်နေတာက ကျွန်တော်တို့ မြန်မာနိုင်ငံက တိုက်စစ်မှူး ကျော်ကိုကိုဟာ နံပါတ်(၇) ချိတ်နေခြင်းပဲ ဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဂိုးသွင်းရှင် ၅၄ ဦး ရွေးထုတ်ပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ပူးတွဲဖော်ပြပါ ပုံပါအတိုင်း ထိပ်ဆုံးမှာ ခရစ္စတီယာနိုရော်နယ်ဒို(ပေါ်တူဂီ)၊ (၂) နေမာ(ဘရာဇီး)၊ (၃) မက်ဆီ(အာဂျင်တီးနား)၊ (၄) အဆာမိုဂျန်(ဂါနာ)၊ (၅) ဘန်ဇီးမား (ပြင်သစ်)၊ (၆) သောမတ်စ်မူလာ (ဂျာမဏီ)၊ (၇) ကျော်ကိုကို (မြန်မာ)၊ (၈) အယ်ရှာမာရာနီ (ဆော်ဒီ)၊ (၉) ဗန်ပါစီ (နယ်သာလန်)၊ (၁၀) ဘေးလ် (ဝေးလ်) စသဖြင့် တွေ့ရပါတယ်။
ဂျိမ်းရိုဒရီဂွက်ဇ်၊ ဂေါ့ဇီ၊ မန်ဇူကစ်၊ ရော်ဘင်၊ ဗားဂတ်စ်၊ လီဝမ်ဒေါစကီး၊ ကာဗာနီ၊ ရွန်းနီ၊ ၀ဲလ်ဘက် အစရှိတဲ့ ကမ္ဘာကျော် တန်ဖိုးကြီး တိုက်စစ်မှူးတွေဟာ ကျော်ကိုကိုရဲ့ အောက်မှာ စာရင်းဝင်နေတာ တွေ့ရပါတယ်။
INTERNATIONAL FEDERATION OF FOOTBALL HISTORY & STATISTICS (IFFHS) ဆိုတဲ့အဖွဲ့အစည်းဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးအဖွဲ့ချုပ်တွေအားလုံးရဲ့ သမိုင်းကြောင်းတွေ၊ မှတ်တမ်းတွေကို စနစ်တကျ ပြုစုထိန်းသိမ်းတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ယူအေအီးနိုင်ငံမှာ စတင်ဖွဲ့စည်းခဲ့ပြီးတော့ ၂၀၁၀ မှာ ဂျာမဏီနိုင်ငံ ဘွန်းမြို့ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ဖီဖာနဲ့ အခြားအဖွဲ့အစည်းတွေရဲ့ အားပေးမှု၊ ထောက်ပံ့ကူညီမှုတွေ ရရှိထားတဲ့ ဒီအဖွဲ့ဟာ ဘောလုံးလောကအတွက် သတင်းအချက်အလက် စုဆောင်းမှတ်တမ်းတင်တဲ့ လုပ်ငန်းတွေ၊ လေ့လာဆန်းစစ်တဲ့ သုတေသနလုပ်ငန်းတွေကို ဆောင်ရွက်လျက် ရှိပါတယ်။
ဝက်ဘ်ဆိုက်ပါ ဖော်ပြချက်အရ ကမ္ဘာတစ်ဝှမ်းလုံးက ၂၀၁၄ ခုနှစ်အတွင်း သွင်းဂိုး ၇ ဂိုးနဲ့အထက် သွင်းခဲ့ကြတဲ့ တိုက်စစ်မှူးတွေကို နိုင်ငံအသင်းအတွက် သွင်းယူခဲ့တဲ့ သွင်းဂိုး၊ ကလပ်အသင်းအတွက် သွင်းယူခဲ့တဲ့ သွင်းဂိုးတွေ စုပေါင်းပြီး များရာက နည်းရာကို တန်းစီလိုက်တဲ့ အခါမှာ နိုင်ငံအသင်းအတွက် သွင်းဂိုး ၆ ဂိုး၊ ရန်ကုန်ယူနိုက်တက်အတွက် သွင်းဂိုး ၆ ဂိုး၊ စုစုပေါင်း သွင်းဂိုး ၁၂ ဂိုးနဲ့ ကျော်ကိုကိုဟာ နံပတ် ၇ နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဒီလိုသွင်းဂိုးတွေ ရေတွက်ရာမှာ ဖီဖာရဲ့ လက်အောက် ဘောလုံးအဖွဲ့ချုပ်တွေက စီစဉ်ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေကိုပဲ ထည့်သွင်းရေတွက်ခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။ နံပါတ် (၁)နေရာက ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ၅ ဂိုး၊ ရီးရဲမက်ဒရစ်အတွက် ချိန်ပီယံလိဂ် သွင်းဂိုး ၁၅ ဂိုး၊ စုစုပေါင်း ဂိုး ၂၀ နဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။
ကျော်ကိုကိုကတော့ နိုင်ငံအသင်းအတွက် ၆ ဂိုး၊ အေအက်ဖ်စီမှာ ကလပ်အသင်းအတွက် ၆ ဂိုး သွင်းယူခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။
ဘာပဲပြောပြော မြန်မာနိုင်ငံက ထိပ်တန်းတိုက်စစ်မှူး တစ်ဦးဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေမှာ ကမ္ဘာကျော် တိုက်စစ်မှူးတွေထဲမှာ နံပါတ် ၇ နေရာ ချိတ်တယ် ဆိုတဲ့ မှတ်တမ်းကလေးကတော့ မြန်မာနိုင်ငံသားတွေအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်နေဦးမှာ သေချာနေပါတယ်။
တိုက်စစ်မှူး ကျော်ကိုကိုအတွက်လည်း ကွန်ဂရက်ကျူလေးရှင်းပါ။like emoticon
[Read More:http://www.iffhs.de/world-top-scorer/]
opposite eye
No comments:
Post a Comment