အမျိုးသားပညာ ရေးဥပဒေပါတောင်းဆိုချက်များ အနက် ကျောင်းသား၊ ဆရာအ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကိစ္စအပါအ၀င် အချက် အချို့ကို အစိုးရက ဆောင်ရွက်ပေး မည်ဖြစ်ကာ အချက်အချို့ကို လွှတ်တော်ကဥပဒေပြန်လည်ပြင် ဆင်ပေးရေးဖြင့် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မ တက သ၀ဏ်လွှာပေးပို့အကြောင်းကြားသည်။
တောင်းဆိုဆန္ဒပြနေသော အမျိုးသားပညာရေး ဥပဒေတောင်းဆိုမှုများနှင့်လိုက်လျော ညီထွေ ဖြစ်စေရန် ဥပဒေ ပါပြဋ္ဌာန်းချက်အချို့ကို ပြည် ထောင်စုလွှတ်တော်က ပြင်ဆင် ပေးရန် လိုအပ်ကြောင်းနိုင်ငံတော် သမ္မတက ယခုလ ၂၀ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ ပေး ပို့သည့် သ၀ဏ်လွှာ၌ ထည့် သွင်းရေးသားထားခြင်းဖြစ်သည်။
ထိုသို့ ပြင်ဆင်ရာတွင် ဗဟို ချုပ်ကိုင်မှုရှိနေသည်ဆိုသော အ မျိုးသားပညာရေး ကော်မရှင်ဖွဲ့ စည်းရမည့်အချက်ကို ပယ်ဖျက် ၍ တက္ကသိုလ်များ၏အရည်အ သွေးအား ထိန်းသိမ်းအကဲဖြတ် ပေးနိုင်မည့်လွတ်လပ်သောပညာ ရှင်များပါဝင်သည့် အဖွဲ့အစည်း တစ်ရပ် ဖွဲ့စည်းပါက သင့်လျော်နိုင်ကြောင်း သမ္မတ၏ သ၀ဏ်လွှာတွင်ဖော်ပြသည်။
ထိုကဲ့သို့ ဥပဒေကြမ်းပြင် ဆင်ရေးနှင့်ပတ်သက်၍ သ၀ဏ် လွှာပါအချက်အလက်များကို လေ့လာစိစစ်ပြင်ဆင်နိုင်ရန် ဥပဒေကြမ်းပူးပေါင်းကော်မတီကဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယ က သူရဦးရွှေမန်းကပြောသည်။
ပညာရေးဝန်ကြီးဌာနက မ ကြာမီထုတ်ပြန်မည့်အမျိုးသားပ ညာရေးနည်းဥပဒေတွင် ဆရာအ ဖွဲ့အစည်းများ၊ ပညာရှင်များ၊ ကျောင်းသားအဖွဲ့အစည်းများကို စည်းကမ်းတကျဒီမိုကရေစီနည်း လမ်းနှင့်အညီ လွတ်လပ်စွာဖွဲ့ စည်းနိုင်ရန် ထည့်သွင်းဖော်ပြ မည်ဖြစ်ကြောင်း သမ္မတကဆို သည်။ တိုင်းရင်းသားစာပေနှင့်ဘာ သာစကားသင်ကြားသင်ယူမှုအ တွက် ပြဋ္ဌာန်းချက်များကို နည်းဥ ပဒေတွင် အသေးစိတ်ပြဋ္ဌာန်းပေး မည်ဖြစ်ပြီး တက္ကသိုလ်များ၏အ ရည်အသွေးအကဲဖြတ်မှုနှင့် အ ရည်အသွေးအာမခံမှုပြဋ္ဌာန်းချက် အသေးစိတ်များကိုနည်းဥပဒေ တွင် ထည့်သွင်းရေးဆွဲပေးမည် ဖြစ်ကြောင်း သ၀ဏ်လွှာ၌ ဖော် ပြသည်။
အမျိုးသားပညာရေးဥပဒေ အရ တက္ကသိုလ်များအားလွတ် လပ်စွာစီမံခန့်ခွဲခွင့်ပေးထားပြီဖြစ် ၍ ဥပဒေတွင်ပါရှိသော ကော်မရှင်၊ ကော်မတီဖွဲ့စည်းရေးကိစ္စရပ်များ မှာ မူလဥပဒေတွင် ပြင်ဆင်ရမည် ဖြစ်သဖြင့် လွှတ်တော်ကသာ ဆောင်ရွက်ပေးရမည် ဖြစ် ကြောင်းဖော်ပြပါရှိသည်။
7Day
No comments:
Post a Comment