အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်များ တွေ့ဆုံကာ ပုဒ်မ ၄၃၆ ပြင်ဆင် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စများ ဆွေးနွေးခဲ့ရာတွင် ဦးခင် အောင်မြင့်၏ ပွင့်လင်းစွာ ဆွေး နွေးမှုကို ကျေနပ်ကြောင်း ၈၈ မျိုးဆက် ခေါင်းဆောင်များက ပြောကြားသည်။
ဇန်န၀ါရီလ ၁၁ ရက်က နေ ပြည်တော်တွင် ၈၈ မျိုးဆက်မှ ဦးမင်းကိုနိုင်၊ ဦး ကိုကိုကြီး၊ ဦးမြအေး၊စသည့် ခေါင်းဆောင်များနှင့် အ မျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်၊ လွှတ်တော်ရေးရာ ကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ ကြခြင်း ဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးတို့အတွက် တွေ့ဆုံဆွေးနွေး ခြင်းဖြစ်ကြောင်း သိရသည်။
‘‘တွေ့ဆုံမှုရလဒ်က ကောင်း ပါတယ်။ ဦးခင်အောင်မြင့်က ပွင့် လင်းတယ်၊ ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးသွားတယ်။ အမြင်သ ဘောကတော့ တူတာလည်းရှိ တယ်။ မတူတာလည်းရှိတာပေါ့။ ဒါပေမဲ့ ဒီလို တွေ့ဆုံဆွေးနွေး နိုင်မှုကို ကျေနပ်ပါတယ်’’ဟု ဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်၍ ဦးမြ အေးက ပြောသည်။
တွေ့ဆုံမှုတွင် အခြေခံဥပ ဒေပုဒ်မ ၄၃၆ ပြင်ဆင်ရန် လိုအပ် ပုံကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ငြိမ်း ချမ်းရေး ဖြစ်စဉ်တွင်လည်း ဦး ဆောင်သူတစ်ဦး မရှိတော့သည် နှင့် အစသို့ ပြန်မရောက်ရန် ဆင့် ကဲတိုးတက်မှုဖြစ်စေရန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
‘‘ပုဒ်မ ၄၃၆ ကို ပြင်ချင်တယ် ဆိုတာ တပ်မတော်ကပါ ပါဝင်ပြီးအားလုံးဝိုင်းပြင်ဆင်စေချင်တဲ့ သ ဘောပါ။ နောက် ငြိမ်းချမ်းရေးလုပ်ငန်းမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ဆိုတာ စစ်တပ်မပါရ ဟိုလူမပါရ ဒီလူမပါရမဟုတ်ဘဲ အားလုံးဝိုင်းပြီး တည်ဆောက်နိုင် အောင် လိုချင်တာ ဒါကို ရှင်းရှင်း လင်းလင်းဖြစ်အောင် ဆွေးနွေးခဲ့ တယ်’’ဟု ဦးမြအေးက ဆွေးနွေးမှု အကြောင်းအရာများကို ပြန်လည် ပြောကြားခဲ့သည်။
အဖွဲ့အစည်းတိုင်းနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်သည့် အတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံရန် ၈၈ မျိုးဆက်က တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း လည်း သိရသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ သည် ပြီးခဲ့သည့် ဒီဇင်ဘာလဆန်း ကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် သီးသန့်တွေ့ဆုံခဲ့သည်။
7Day
No comments:
Post a Comment