Monday, January 5, 2015

မြစ်ကြီးနားတွင် မနောပွဲစတင်ကျင်းပ

သုံးနှစ်တာကျင်းပခဲ့ ခြင်းမရှိသော ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်မနောပွဲတော်ကို ၂၀၁၅ ဇန်န၀ါရီ ၅ ရက်မှစတင်ကာ မနောကွင်းရှေ့နှင့် မဂျွယ်ခန်းမ ဆောင်တို့တွင် ၀တ်ပြုဆုတောင်း ခြင်းများအစီအစဉ်များဖြင့် ကျင်းပခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားတွင် ကချင်ပြည်နယ်လူမှုရေးဝန်ကြီး အပါအ၀င် အခြားဌာနဆိုင်ရာ များနှင့် ဖိတ်ကြားထားသည့် ဘာ သာရေးခေါင်းဆောင်များ၊ ဒေသခံများက ရိုးရာဝတ်စုံများဝတ်ဆင်ကာ တက်ရောက်ခဲ့ကြသည်။
မနောအကကိုမူ ဇန်န၀ါရီ ၈ ရက်မှစတင်ကပြမည်ဖြစ်ကြောင်းမနောပွဲဖြစ်မြောက်ရေး ကော်မတီမှသတင်းရရှိသည်။
မနောပွဲတော်ကို ကချင် ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ၂၀၁၁ တွင် နောက်ဆုံး ကျင်းပခဲ့ပြီး ကချင်ပြည်နယ်၌ ဖြစ်ပေါ် ခဲ့သော တစ်ကျော့ပြန်စစ်ပွဲများ ကြောင့် ရပ်စဲထားခဲ့ရသည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ