Monday, January 19, 2015

ဒေသအချို့ တစ်ပတ်ကြာ ပုံမှန်ထက် အအေးလွန်ကဲနိုင်

  တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားများ ရပ်ဝန်းကြီး အားကောင်းလာသဖြင့် မြန်မာနိုင်ငံဒေသအချို့ ပုံမှန်ထက်အအေးလွန်ကဲနိုင်ကြောင်း ဦးထွန်းလွင်က သတိပေးထားသည်။
အအေးလွန်ကဲမှုကို ဇန်န၀ါရီ ၁၉ ရက်မှစတင်ကာ ၂၅ ရက် အထိ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများတွင် ရင်ဆိုင်ရနိုင်ပြီး အထူးသဖြင့် ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများကို သတိပေးထားသည်။ ယင်းဒေသများတွင် ယခုရက်ပိုင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူ၊ ပိတ်ဆို့နေသည့် ဒေသခံနှင့် ခရီးသွားများ အအေးဒဏ်ရင်ဆိုင်နေရသည်။

 တစ်ချိန်တည်းတွင် ရန်ကုန်၊ တနင်္သာရီတိုင်း  ဒေသကြီးနှင့် ကရင်၊  မွန်ပြည်နယ်တို့မှလွဲ၍ ကျန်တိုင်းနှင့်  ပြည်နယ်များ၌ အချိန်အခါမဟုတ် နေရာကွက်၍ မိုးရွာနိုင်ကြောင်း မိုး/ဇလဌာနက ထုတ်ပြန်သည်။
ဒေါက်တာထွန်းလွင်

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ