ဘာသာရေးနှင့် နိုင်ငံရေး သီးခြားခွဲထား၍မရပါ
လူဟူသည် လူ့အဖွဲ့အစည်းတွင် အဖွဲ့ဝင်တစ်ဦးအဖြစ် မလွဲမသွေပါဝင်လာ ရ၏။ လူ့အဖွဲ့အစည်းတွင်ရှိသော လူမှုရေး၊ နိုင်ငံရေး၊စီးပွားရေး၊ အုပ်ချုပ်ရေး၊ ဘာသာရေး စသော ရေးရာအဖြာဖြာတို့နှင့် မလွဲမသွေ ကြုံကြိုက်ရပါ ၏။ ထို သို့ ကြုံကြိုက်ရာ၌ လူမှုရေးအရ လူသားအချင်း ချင်း ဆက်ဆံကြရသကဲ့သို့ နိုင်ငံရေးအရ နိုင်ငံသား အချင်းချင်းဆက်ဆံကြရသလို အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ ရသူ အချင်းချင်း ဆက်ဆံကြရပါ၏။
ဘာသာရေးသည် အခြားတစ်ဖက်ကိုမငဲ့သော၊ ဆက်ဆံရေးနှင့် မပတ်သက်သော ပုဂ္ဂလိကသဘောမျိုး သက်ရောက်သဖြင့် အခြားသော နိုင်ငံရေး၊ စီးပွားရေး စသော အရေးအရာများလောက် အရေးမကြီးဟု ထင်မှားတတ်ကြပါ၏။ အမှန်အာဖြင့် ဘာသာရေး ဟူသည် လူသားတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားကို တည်ဆောက်ရာ၌ ပဓာနကျ၏။ ကိုယ်ကျင့် တရားကောင်းသော လူတစ်ဦးချင်းစီ ပါဝင်ဖွဲ့စည်း ထားသော လူ့အဖွဲ့အစည်းသာ လူ့လောကအေးချမ်း သာယာရေးအတွက် ဆောင်ရွက် နိုင်မည်ဖြစ်၏။
မကြာသေးမီကမန္တလေးမြို့မဟာအတုလဝေယံ
ကျောင်းတော်ကြီး၌ အမျိုးဘာသာသာသနာစောင့် ရှောက်ရေး အဖွဲ့ညီလာခံ၌ သဘောထား ကြေညာချက် (၁၀) ချက်ထုတ်ပြန်ခဲ့ပါ၏။ မျိုးစောင့်ဥပဒေပေါ်ပေါက်ရေးနှင့် သဘောထားကြေညာ ချက်များအပေါ် အကြောင်းပြုလျက် “ သံဃာတော် များသည် နိုင်ငံရေးတွင် မပါဝင်သင့်။ ဘာသာရေးနှင့် နိုင်ငံရေးကင်းရှင်း အောင်ထားရမည်” ဟူသော အသံများ ထွက်ပေါ်လာခဲ့ပါ၏။ အကောင်း အဆိုး၊ အကြောင်း အကျိုး၊ အမှားအမှန်ကို ပိုင်းခြားသိတတ်သော ဉာဏ်မရှိ သည့် လူအချို့၏ အသံများဖြစ်သည်။ ဘာသာရေးနှင့် နိုင်ငံရေးမှာ သီးခြားစီခွဲထား၍မရပါ။
နိုင်ငံနှင့် ပြည်သူလူထုအတွက် အမှန်တကယ် အရေးကြုံလာသောအခါ သံဃာတော်အများစုမှာ မလွဲမရှောင်သာ ပါဝင်ပတ်သတ်လာကြရစမြဲဖြစ်၏။ လွတ်လပ်ရေးမရမီကာလတစ်လျှောက်၌ ဆရာတော် ဦးဝိစာရနှင် ဦဥတ္တမ တို့ ပါဝင်ခဲ့ကြသည့် နည်းတူ ရှစ်လေးလုံးအရေးတော်ပုံနှင့် ၂၀၀၇ ရွှေဝါရောင်တော် လှန်ရေးတို့၌လည်း သံဃာတော်များပါဝင်ပတ်သက်ခဲ့ကြ ပါ၏။
အမှန်စင်စစ် ဘာသာရေးသည် အခြေခံအုတ်မြစ်ဖြစ်၍ နိုင်ငံရေးမှာ အပေါ်ထပ်အဆောက်အအုံသာဖြစ်ပါ၏။ နိုင်ငံရေးဟူသည ဘာသာရေးနှင့် ကင်းလွတ်လျက် သီးခြား တစ်ထီးတစ်နန်း ရပ်တည်နိုင်စွမ်းသော အကြောင်း ခြင်းရာမဟုတ်ပါ။
မြစ်ရေခွဲဝေရာ၌အဝေမတည့်၍ နှစ်နိုင်ငံစစ်မီး တောက်
လောင်တော့ မည့်တာ့ မည့် အခြေအနေ ဆိုးကြီး ပေါ်ပေါက်လာသောအခါ မြတ်ဗုဒ္ဓသည်ပင် နိုင်ငံရေး ၌ ပါဝင်ပတ်သက်ကာ တရားဟောကြား မှု ပြုတောမူခဲ့ပါ၏။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးနှင့် မျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေးတို့သည် ဒီမိုကရေစီနှင့်လည်း မဆန့်ကျင်ပါ။ ခေတ် နောက်ပြန်ဆွဲဝါဒလည်း မဟုတ် ပါ။ ပြည်သူလူထုကို ဖိနှိပ်သည့် ဘာသာ သာသနာ ကိုလည်း ထိခိုက်စော်ကားထားခြင်း မဟုတ်ပါ။ ဖွဲ့စည်း ပုံအခြေခံ ဥပဒေတွင် ပါဝင်သည့် လွတ်လပ်စွာ ကိုးကွယ် ခွင့်နှင့် လည်း မဆန့်ကျင်ပါ။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးနှင့် မျိုးစောင့် ဥပဒေပေါ် ပေါက် စေရေးတို့၏ ပဓာနတရားတော် ကိုကောက်လျှင် “ဓမ္မ” အလုပ်ဖြစ်၏။ ဓမ္မကို မလိုလား သူသည် အဓမ္မကိုလိုလားသူဖြစ်၏။ ဓမ္မနှင့် အဓမ္မဟူ သည် လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးနှင့် ချိန်ထိုး ကာ ကြောင်းကျိုးတွေးခေါ်ဆုံဖြတ်ထားသည့် တရားဖြစ်ပါ ၏။ ဓမ္မနှင့် အဓမ္မကြား၌ ကြားနေမရှိပါ။ ဓမ္မကိုကြဉ်လျက် အဓမ္မကို ဖက်တွယ်ကြပါလျှင်၊ အမျိုးဘာသာ သာသနာ ကို စောင့်ရှောက်ရန်မလိုအပ်၊ မျိုးစောင့်ဥပဒေမလိုအပ်ဟု ယူဆကြပါလျှင် လူတစ်ဦးချင်းစီ၏ စိတ်နေ စိတ်ထား၊ ကိုယ်ကျင့်တရား၊ အရည်အသွေးများမှာ တစ်နေ့တခြား ယုတ်လျော့ကုန်ဆုံး ပျက်ပြုန်းခြင်အတိဖြင့် နိဂုန်းချုပ်ရ တတ်ပါကြောင်း အနုမာနဉာဏ်အားဖြင့် ရှုမြင်မိပါ၏။
ဦးထိပ်တင်ဝင်း
သာကီသွေး ဂျာနယ် အတွဲ(၁)၊ အမှတ်(၂၂)
No comments:
Post a Comment