ပျူမြို့ဟောင်းသုံးမြို့အတွင်း ၂၀၁၃ နောက်ပိုင်းဆောက်ခဲ့သည့် နေအိမ်များဖယ်ရှားမည်
ပျူမြို့ဟောင်းသုံးမြို့ အတွင်း လူနေအိမ်ခြေများ ကျူးကျော်ဝင်ရောက်မှုပြဿနာကို ဖြေရှင်းရာတွင် နှစ်ကာလကြာမြင့်သည့် လူနေအိမ်ခြေများကို မူလအတိုင်း ထားရှိမည်ဖြစ်သော်လည်း ၂၀၁၃ နောက်ပိုင်းတည် ဆောက်ခဲ့သော အိမ်ရာများကို နိုင်ငံတော်အဆင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဓိကလူနေအိမ်ခြေများ နှင့် ကျူးကျော်ပြဿနာများရှိသည့် ဒေသမှာသရေခေတ္တရာမြို့ ဟောင်းရှိရာ ပြည်မြို့နယ်အတွင်း ဖြစ်သောကြောင့် အဆိုပါဧရိယာအတွင်း လူနေအိမ်ခြေများနေထိုင်မှုနှင့် ပတ်သက်ပြီး ယူနက်စကို စိစစ်ရေးအဖွဲ့က အားနည်းချက် တစ်ခုအနေဖြင့် ထောက်ပြခဲ့ခြင်း ဖြစ်သည်။
‘‘ကျွန်မတို့ကိုထောက်တဲ့ အားနည်းချက်ကလည်းအဲဒါပါ ပဲ။ ပျူမြို့ဟောင်းယူနက်စကို မ၀င်ခင်ကတည်းက မူလကတည်းက ရပ်ရွာတွေရှိပါတယ်။သူတို့က ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းမယ်၊ မသွင်းဘူးဆိုတာ ရပ်ရွာက လူတွေက မူလကတည်းက သိမှ မသိဘဲနော်။ မူလကတည်းက နှစ်ကို ရာနဲ့ချီပြီးနေလာခဲ့ကြတဲ့သူတွေပါ။ ဒါကြောင့်မိုလို့ မူလနေ နေတဲ့အခြေအနေကို ကျွန်မတို့ မဖယ်ပါဘူး။ အမွေအနှစ်တွေရှိ တဲ့ ဇုန်၊ ကာကွယ်ထိန်းသိမ်းတဲ့ဇုန် လို့ သတ်မှတ်ထားပါတယ်။ လက် ရှိအနေအထားအရ ဆောက်မယ် ပြုမယ်ဆိုရင် ၀န်ကြီးဌာနနဲ့ ညှိရပါမယ်။ မလုပ်ရဘူးလို့မပြောဘူး။ ကျွန်မတို့က အဲဒါကို တွက်ချက်စစ်ဆေးပြီး အကြောင်းပြန် ကြားမှာပါ။ ယူနက်စကိုကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ၀န်ခံချက်ပေးထားတဲ့အတွက်အကောင်း ဆုံးနည်းလမ်းသုံးပြီးဖြေရှင်းသွား မှာပါ’’ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်က ပြောသည်။
ယူနက်စကိုစစ်ဆေးရေးအဖွဲ့က ထောက်ပြချက်များအားလုံးလိုလို လိုအပ်ချက်များရှိသည်မ ဟုတ်သောကြောင့် ယူနက်စကို အဖွဲ့ဝင်ကော်မတီများရုံးစိုက်ရာ ပြင်သစ်နိုင်ငံသို့ သွားရောက်၍ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျနှင့် မည်ကဲ့သို့ ထိန်းသိမ်းကာကွယ်မည့် ၀န်ခံချက်ပေးခြင်း၊ တကယ့်ထိန်းသိမ်းသင့်သည့် အရှေ့တောင်အာရှ ၏ ရှေးဟောင်းအမွေအနှစ်ဖြစ် ကြောင်း ရှင်းပြဆွေးနွေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ အောင်မြင်ခဲ့သည်ဟု ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်က ပြောသည်။
ပျူမြို့ဟောင်းသုံးခုအနက် ပြည်မြို့နယ်၊ သရေခေတ္တရာမြို့ ဟောင်းသည်သာ လူနေအိမ်ခြေများရှိပြီး ယင်းပြဿနာများကို ဖြေရှင်းရာတွင် ၂၀၁၀ ပြည့်နှစ်အစောပိုင်းကတည်ရှိပြီး မူလအိမ် ခြေများကို မူလအတိုင်းရှိမည် ဖြစ်သော်လည်း ၂၀၁၃ ခုနှစ်မှ စတင်ပြီး တိုးချဲ့လာမည့်အိမ်ခြေ များကို တင်းတင်းကျပ်ကျပ်ထိန်း သိမ်းကာကွယ်သွားမည်ဟု ဒုတိယညွှန်ကြားရေးမှူး သရေခေတ္တရာ ဆိုက်မန်နေဂျာကပြောသည်။
‘‘၂၀၁၃ခုနှစ်ဆန်းပိုင်းထဲမှာ ကျူးကျော်ပြီးသားအိမ်ခြေ ၂၁လုံး တွေ့ရှိပါတယ်။ ကျူးကျော်ပြီး သားဟာတွေကိုတော့ အောက်ခြေမှာအလွယ်တကူလုပ်လို့ရတဲ့ ဟာတွေမဟုတ်ဘူးလေ။ ၂၀၁၃ခု နှစ်နောက်ပိုင်းကျူးကျော်လာတဲ့ အိမ်တွေကို ကော်မတီအဆင့်ဖွဲ့ စည်းပြီး နိုင်ငံတော်အဆင့်စီမံ ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု ဆိုက်မန်နေဂျာဦးအောင် အောင်ကျော်ကပြောသည်။
ပျုမြို့ဟောင်းသုံးမြို့သည် မြန်မာနိုင်ငံအတွက် ပထမဆုံး ယူနက်စကိုစာရင်းဝင်သည့် ရှေး ဟောင်းမြို့သုံးမြို့ ဖြစ်သောကြောင့် ထိန်းသိမ်းကာကွယ်မည့်နည်းလမ်းများကို စနစ်တကျ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး ဒေသခံများပါဝင်လာစေရန် အသိပညာပေး ဆွေးနွေးမှုများ လည်း ပြုလုပ်သွားမည်ဖြစ် ကြောင်း ဒုတိယ၀န်ကြီးက ပြော သည်။
ပျုမြို့ဟောင်းသုံးခု ယူနက်စကို ၀င်ရောက်ရေးသည်အခြားနိုင်ငံများကဲ့သို့ လွယ်ကူစွာဝင်ရောက် ခြင်းမဟုတ်ဘဲ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ဒေသခံများနှင့်ဝန် ထမ်းများစုစုပေါင်း ၁၅ဦးကအ ခြားအဖွဲ့ဝင်နိုင်ငံများအား သွား ရောက်ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံ အကြောင်း သိရှိစေရန်စည်းရုံး ဟောပြောခြင်းများကြောင့် စိတ် အားထက်သန်မှုအားပေးခဲ့သဖြင့် နိုင်ငံပေါင်း ၁၈နိုင်ငံက ထောက်ခံခဲ့ပြီး သုံးနိုင်ငံက ကြားနေအဖြစ် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
credit to အိမွန်
No comments:
Post a Comment