Thursday, June 19, 2014

သွေးဝမ်းကိုက်ဝေဒနာ သက်သာပျောက်ကင်းနည်း



သွေးဝမ်းကိုက်ဝေဒနာ သက်သာပျောက်ကင်းနည်း
************************************
 
လူရဲ့ခနာကိုယ်ဟာအစဉ်အမြဲဖြစ်ပျက်ပြောင်းလဲနေပါတယ်။ ရောဂါဘယကလည်းခန္ဓ္ဓာကိုယ်ကများစွာဖြစ်လာ တတ်ပါတယ်။ အနေအထိုင်အစားအသောက်ဆင်ခြင်နိုင်ဖို့လိုအပ်ပါတယ်။ ရောဂါဝေဒနာဆိုတာ အရွယ် သုံးပါးမရွေးဖြစ်တတ်ပါတယ်။ အဲဒီရောဂါဝေဒနာတွေထဲမှာ ၀မ်းကိုက်ရောဂါလည်း အပါအ၀င်ပါ။ ၀မ်းကိုက်ရောဂါအမျိုးမျိုးရှိတဲ့အထဲမှာ သွေးဝမ်းကိုက်တဲ့ ဝေဒနာဟာအလွန်ခံစားရခက်တဲ့ ဝေဒနာ ဖြစ်ပါတယ်။ ၀မ်းကိုက်ခြင်းဟာ ၀မ်းကိုက်ပိုးကြောင့် ဖြစ်တာပါ။ ၀မ်းကိုက်တာချင်းအတူတူသွေးဝမ်းသွားခြင်း ဟာလည်း ဆိုးရွားလှတဲ့အပြင်အခန့်မသင့်ရင်အသက်အန္တရာယ်နဲ့နီးပါတယ်။ဒါကြောင့် သွေးဝမ်းကိုက်တဲ့ဝေဒနာကိုပေါ့ပေါ့ တန်တန်သာမန် ဝေဒနာလို့သဘောထားလို့မရပါဘူး။ သွေးဝမ်းကိုက်တဲ့ဝေဒနာကိုဘယ်လိုကုသရမလဲဆိုတာ စာဖတ်ပရိသတ်ကြီးကိုရေးပေးလိုက်ပါတယ်။ ငွေကုန်လည်းသက်သာ၊ လွယ်ကူတဲ့ နည်းလေးပါ။
၁။ လတ်ဆတ်သန့်ရှင်းတဲ့မန်ကျည်းပွင့်ကိုရှာပါ။ ပြီးရင် ထန်းလျက်ခဲနဲ့ရောပြီးမနက်တကြိမ်၊ ညတကြိမ် စားပေးပါ။ သုံးကြိမ်သုံးရက်စားပေးရင် သွေးဝမ်းကိုက်တဲ့ဝေဒနာ သက်သာပျောက်ကင်းစေပါတယ်။
၂။ မီးကွင်းဂမုန်းရွက်ကို ထုထောင်းပါ။ ရလာတဲ့သတ္တုရည်ကို ဟင်းစားဇွန်းတစ်ဇွန်းစာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်ပေးပါ။ သွေးဝမ်းကိုက်ဝေဒနာသက်သာပျောက်ကင်းပါတယ်။
၃။ မီးကွင်းဂမုန်းဖို အရွက်ကိုအသုပ်သုပ်စားပါ။ သွေးဝမ်းကိုက်တဲ့ဝေဒနာပျောက်ကင်းပါတယ်။
အထက်ပါနည်းသုံးနည်းထဲက နှစ်သက်ရာ၊ အလျဉ်းသင့်ရာနည်းကို သုံးစွဲနိုင်ပါတယ်။ သွေးဝမ်းကိုက်တဲ့ မိတ်ဆွေများတွေ့ခဲ့ရင် စာဖတ်ပရိတ်သတ်ကြီးကတဆင့်အဆိုပါနည်းလေးကိုတဆင့်မျှဝေပေးစေချင်ပါတယ်။

မောင်သင်းနွယ်
ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တခုတည်း မဟုတ်ပဲ
နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။
တရုတ်လူမျိုး နဲ့ ဂျပန်လူမျိုးတွေဟာ ထမင်းစားနေစဉ်မှာ ရေနွေးသောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ခုချိန်မှာ တော့ သူတို့ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့ အထကိုရတီတို့တွေပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ